အခန်း (၄၉) အသစ်ရောက်လာသူ

2.2K 331 2
                                    

အခန်း (၄၉) အသစ်ရောက်လာသူ

အမည်မဲ့ဓားက လုကျိုး၏ လက်ဝါးပေါ် ပြန်ရောက်လာပြီး ၎င်း၏ အစွန်းတွင် အပြာဖျော့ဖျော့အလင်း ဖျတ်ခနဲ ပေါ်လာသည်။ သူက ဓားကို ထပ် စမ်းသပ်တော့မည့်အချိန်တွင် အခန်းအပြင်ဘက်မှ ခေါ်သံတစ်သံကို ကြားလိုက်ရသည်။

"ရှစ်စွင်း... ကျင့်မင်တာအိုဂိုဏ်းက ဖန်ကျုံးက ရှစ်စွင်းနဲ့ တွေ့ခွင့် တောင်းပါတယ်"

သူ့လက်ကို ကျစ်ကျစ်ဆုပ်လိုက်ရာ ဓား ပျောက်ကွယ်သွားသည်။

ကံစမ်းမဲနှိုက်ရန် ကြိုးပမ်းမှုများက ထိုမျှ မချောမွေ့သော်လည်း တစ်နည်းနည်းဖြင့် တစ်စုံတစ်ခု သူ ရခဲ့သည်။ လက်ရှိတွင် သူက အမည်မဲ့နှင့် မရင်းနှီးသေးပေ။ သူက ယင်းကို နားလည်ရန် အချိန်တချို့ ယူရမှာပဲဖြစ်သည်။ ထို့အပြင် သူ၏ အားနည်းသော ကျင့်ကြံခြင်း အခြေခံကြောင့် ၎င်း၏ စွမ်းအားကို အပြည့်အ၀ မထုတ်ဖော်နိုင်ပေ။

ပိုင်အန်းအတွက်မူ သူ အချိန်ရမှာသာ လေ့လာနိုင်ပေမည်။

လုကျိုး အခန်းထဲမှ ထွက်သွားပြီးနောက် ဓား၏ အစွန်းတင် ထားသော လက်နက်စင်က အပြာရောင် ဖျော့ဖျော့အလင်း ဖျတ်ခနဲ ပေါ်လာပြီး အက်ကြောင်းလေး ထင်သွားတော့သည်။

သူ အပြင်ဘက်တွင် ရပ်နေချိန်တွင် လုကျိုးက သူ အပြင်မထွက်ဖြစ်တာ အတော်ကြာပြီမှန်း သဘောပေါက်သွားသည်။ အပြင်လောကက တောက်ပလွန်းနေရာ သူ ခဏတဖြုတ် မသက်မသာ ဖြစ်သွားသည်။ လူအချို့က မဟာခန်းမထဲတွင် သူ့ကို စောင့်နေကြ၏။

"ချန်ပေ့"

"လူကြီးမင်း"

အမျိုးသားနှစ်ဦးက လုကျိုးကို မြင်သောအခါ ဒူးထောက်လိုက်ကြသည်။

ရှောင်ယွမ်အာက သူ့ကို ကူတွဲပြီး ပြုံးကာ ပြောလိုက်၏။

"ရှစ်စွင်း အချက်အလက် စုဆောင်းဖို့ စခန်းကို သွားတဲ့အချိန် သူတို့နှစ်ယောက် အရံအတား အပြင်ဘက်မှာ ဒူးထောက်နေတာကို တပည့် တွေ့ခဲ့တာ၊ ဒါကြောင့် သူတို့ကို ခေါ်လာလိုက်တာ၊ ရှစ်စွင်း တပည့်ကို အပြစ်မတင်ဘူးမလား"

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now