အခန်း (၁၉၀) ထွက်ခွာခြင်း

1.4K 218 2
                                    

အခန်း (၁၉၀)  ထွက်ခွာခြင်း

လုကျိုးက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက သူ့တပည့်အားလုံး မြေပေါ် ဒူးထောက်နေသည်ကို မြင်လိုက်ရသည့်အထိ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ့အကြည့်တို့က ယဲ့ထျန်းရှင်းမှ ဖန်ကျုံးဆီ ရောက်သွားပြီး ခေါ်လိုက်သည်။

“ဖန်ကျုံး ”

“ကျွန်တော် ရှိပါတယ် ”

“ မင်း ကျင့်မင်တာအိုဂိုဏ်းကို ပြန်သွားချင်တယ်ဆိုရင် ကျင့်မင်တာအိုဂိုဏ်းက သဘောတူမှာလား”

လုကျိုးက မထူးမခြားနား မေးလိုက်သည်။

ဖန်ကျုံးက ချက်ချင်း ဒူးထောက်လိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။  “ မျှော်နန်းသခင် … ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်လိုက်ကတည်းက ထွက်သွားဖို့ မတွေးဖူးပါဘူး။ တကယ်လို့ ကျွန်တော်ကို ယန်ခြောက်ပါး ကျင့်စဉ်သာ မပေးခဲ့ရင် အအေးဓာတ် ကူးစက်နေလောက်ပါပြီ။ ကျွန်တော် အသက်ရှင်နေသရွေ့ မိစ္ဆာဝေဟင်မျှော်နန်းက လူ ဖြစ်နေမှာပါ … သေသွားခဲ့ရင်တောင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တစ္ဆေဝိညာဉ်ပါ ”

“ ငါက အကယ်၍များလို့ ပြောတာလေ ” လုကျိုးက ပြောလိုက်သည်။

“ အကယ်၍များလား ” ဖန်ကျုံးက ခေါင်းကုတ်ကာ  “ ကျွန်တော် ပြန်သွားရင် ပင်မဝင်ပေါက် မရောက်ခင် ရှစ်ပိုင်းလောက် ပိုင်းဖြတ်ခံရမယ် ထင်တယ် ”

မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်ကာ  “ မင်း ပြုပြင်ပြောင်းလဲဖို့ ဒုတိယ အခွင့်အရေးတောင် မရဘူးလား”

“ ဒါက ပြုပြင်ပြောင်းလဲမဲ့ အကြောင်း ပြောနေတာ မဟုတ်ဘူးလေ။ ဒါက ကျင့်မင်တာအိုဂိုဏ်းရဲ့ စည်းမျဉ်းပဲ။ အကြီးအကဲတွေက စည်းမျဉ်းတွေကို တင်းကျပ်တယ်” ဖန်ကျုံးက ပြောလိုက်သည်။

လုကျိုးက ကျိုးကျစ်ဖုန်းကို ကြည့်လိုက်ပြီး မေးလိုက်သည်။  “ ကျိုးကျစ်ဖုန်း မင်းရော ”

ကျိုးကျစ်ဖုန်းက လုကျိုး အဘယ်ကြောင့် မေးခွန်းထုတ်မှန်း သိပေသည်။ သူက ပြန်ဖြေလိုက်၏။ 

“ ကောင်းကင်ဓားဂိုဏ်းက ကျွန်တော်အပေါ် ကောင်းခဲ့ပေမဲ့ ကျွန်တော်တို့က တစ်မိုးသားအောက်က လူတွေ မဟုတ်တော့ပါဘူး။ ကျွန်တော် ပြန်သွားချင်ရင်တောင် သူတို့က ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now