အခန်း (၄၆) ကံဆိုးခြင်း

2.1K 310 0
                                    

အခန်း  (၄၆) ကံဆိုးခြင်း

“ ရှစ်စွင်း ဘာတွေပြောနေတာလဲ ” ရှောင်ယွမ်အာက မေးလိုက်သည်။

“ ဘာမှမဟုတ်တော့ဘူး ” လုကျိုးက အတွေးများကို ရှင်းကာ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဘယ်သူကို မြင်လိုက်စေကာမူ ထိုသူတို့က သူ့ကို ကျေးဇူးတင်နေသလို ခံစားနေရသည်။

ရှောင်ယွမ်အာက သူမ ရှစ်စွင်း စိတ်မပျော်ကြောင်း သိ၍ သူမက ရွတ်နောက်နောက် ရယ်မောလိုက်ရင်း  “ ရှစ်စွင်းရယ် ဒေါသမထွက်ပါနဲ့။ တပည့် ကျူးကျော်သူအားလုံးကို သတ်ပြီးပါပြီ။ တကယ်လို့ ရှစ်စွင်း စိတ်မပျော်သေးရင် တပည့် သူတို့အလောင်းတွေကို ဓားနဲ့ ထပ်ထိုးလိုက်မယ်လေနော် ”

ကျိုးကျစ်ဖုန်း “ … ”

လုကျိုးက လက်မြှောက်ကာ အသာပြောလိုက်သည်။

“ လောင်စစ်ရော ”

“ ရှစ်စွင်း … လောင်စစ်က ဒဏ်ရာရနေပေမဲ့ အခွင့်ကောင်းနဲ့ တွေ့သွားတယ်။ သူက အခု သစ်ပင်တွေကြား ရောက်နေပြီးတော့ ထွက်မလာနိုင်သေးလောက်ဘူး ” တွမ့်မူရှန်းက သံကြိုးများကို ဆွဲလာကာ ဖြေလိုက်သည်။

လုကျိုးက အံ့အားသင့်သွားဟန်ဖြင့်  “ အဲဒီနားကို ခုနှစ်ရက်လုံးလုံး ဘယ်သူမှ မသွားရဘူး ”

မင်ရှစ်ရင်က သစ်ပင်များ၏ ကာကွယ်မှုအောက်တွင် အဆင့်တက်လှမ်းနေသည် ဖြစ်ရာ ဖြစ်စဉ်ကို နှောင့်ယှက်ခံလိုက်ရလျှင် သူ့အနေနှင့် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

ယဲ့ထျန်းရှင်းက လုကျိုးအား ကြည့်လိုက်ပြီးနောက် မလိုလားဟန်ဖြင့်  “ ရှင် ကြောင်သူတော် ယောင်ဆောင်နေစရာ မလိုပါဘူး။ ညကျရင် ရှင်ပဲ ခိုးသွားပြီးတော့ သူ့ကို သွားရိုက်မှာပဲလေ ”

လုကျိုးက သူမကို လျစ်လျူရှုထားလိုက်ပြီး မပြောင်းမလဲအသံဖြင့် ပြောလိုက်သည်။

“ ယွမ်အာ ”

“ ဟုတ် ရှစ်စွင်း ”

“ သူ့ကို တောင်အနောက်ဘက်ထဲ ပို့ထားပြီးတော့ အပြစ်ကြွေးတွေကို ဆင်ခြင်ခိုင်းလိုက် ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now