အခန်း (၂၈) မနာခံမှု

2.4K 353 6
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬

Translator - ME

အခန်း (၂၈) မနာခံမှု

ဗြဟ္မာပင်လယ်နယ်ပယ်အား သွေးကြောရှစ်မျိုး ခွဲခြားထား၏။ ကျင့်ကြံသူတစ်ယောက်သည်  စိတ်ကူးစိတ်သန်းနှင့် အကြီးအကဲသွေးကြောများကို ဖွင့်ပြီးနောက်တွင်သာ နယ်ပယ်ထဲ တရားဝင် ခြေချသည်ဖြစ်ပြီး အခြား သွေးကြောခြောက်မျိုးကို ဖွင့်ပြီးနောက်တွင်သာလျှင် အမြင့်ဆုံးအဆင့် ရောက်သည်ဟု စဉ်းစား၍ရသည်။ သွေးကြောရှစ်မျိုးလုံး ပွင့်ချိန် ကျင့်ကြံသူသည် သွေးကြောများထဲမှ စွမ်းအင်ကို တိုက်ခိုက်ရန် အသုံးပြုနိုင်ပြီ ဖြစ်သည်။

သွေးကြောရှစ်ခုပွင့်သွားလျှင် ကျင့်ကြံသူသည် နတ်ဒေဝါဦးတည်နယ်ပယ်အောက် လွှမ်းမိုးမခံရတော့ပေ။

သေချာပေါက် မိုးပြာနဂါးအဖွဲ့အစည်း၏ အန်းယန် ဌာနခွဲသည် မည်မျှအစွမ်းကြီးကြီး နတ်ဒေဝါဦးတည်နယ်ပယ်ကျွင်းကျင်သူအောက် ရှိမည်မဟုတ်ပေ။

စွမ်းအင်လှိုင်းများသည် လျင်မြန် ပြင်းထန်သော ဧရာမအရှိန်အဟုန်နှင့် ဖိသိပ်လိုက်လေသည်။ ဂိုဏ်းအဖွဲ့အဝင်များ အရှိန်အားကြောင့် ပစ်ထုတ်‌ခံလိုက်ရချိန် ပတ်လည်ရှိ အဆောက်အအုံများသည် အက်ကြောင်းဟစပြုကာ ပြိုလဲမည့် အရိပ်အယောင်များ ပြနေလေသည်။

ဗြဟ္မာပင်လယ်ပညာရှင်တစ်ယောက်လည်းဖြစ်သောာ လျိုကျန်းဖုန်းသည် ဆိုးရွားလှသောတိုက်ခိုက်မှုကို တားဆီးရန် လက်မောင်းနှစ်ဖက်စလုံးကိုမြှောက်လိုက်၏။ သို့တိုင် လှိုင်းများသည် ပြင်းထန်လွန်းပြီး သူ့နောက်ကျော တိုင်လုံးနှင့် ဆောင့်မိကာ အက်သွားစေသည်အထိ ထပ်တလဲလဲ တွန်းထုတ်ခံခဲ့ရသည်။

'သူက အရမ်းအားကြီးလွန်းတယ်!'

"ခဏ!"

လျိုကျန်းဖုန်းက သူ့ပါးစပ်ကနေ တရှိန်ထိုး အန်ကျလာမည့် သွေးများကို ပြန်မျိုချကာ ဘာမှမဖြစ်ထားဟန် လက်နှစ်ဖက်နောက်ပစ်လျက် သူ့ရှေ့ဖြည်းညင်းစွာဆင်းသက်လာသည့် ယွမ်အာလေးအား မျက်စိပြူးကြည့်နေ၏။ 

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now