အခန်း (၅၈) ပိအန်း

2.1K 301 0
                                    

အခန်း (၅၈) ပိအန်း

မင်ရှစ်ရင်က အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။ သူက အဘယ်ကြောင့် အပြစ်ပေးခံရမှန်း နားမလည်သေးပေ။ လတ်တလောအတွင်း သူက ပြောသည့်အတိုင်းသာ လုပ်ဆောင်ခဲ့ပြီး သေသေသပ်သပ် လုပ်ခဲ့သည်။ သူက တောင်ကို ကာကွယ်ကာ ရန်သူများကို တိုက်ခိုက်ခဲ့ပြီး ရှစ်စွင်းကိုလည်း ချီးကျူးမြှောက်ပင့်ခဲ့သည်။ သူက ကောင်းကောင်း လုပ်ဆောင်ခဲ့ကြောင်း တွေးထားမိ၏။

သို့သော်လည်း သူက ရှစ်စွင်း၏ အမိန့်ကို မနာခံဘဲ မနေရဲသောကြောင့် ဦးညွတ်ကာ  “ တပည့် အပြစ်ပေးခံရသင့်ပါတယ် ”

ထို့နောက် သူက ပြန်လည်သုံးသပ်ရေးဂူဆီ နာခံတတ်သည့် ကလေးတစ်ယောက်သဖွယ် လိမ်လိမ်မာမာ သွားလိုက်သည်။

လုကျိုးက သူ့ကို ဘာလို့ အပြစ်ပေးလိုက်တာလဲ။ အကြောင်းမှာ သူက မင်ရှစ်ရင်၏ သစ္စာရှိမှု လျော့ကျသွားသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။ လျော့ကျမှုက သိပ်မများဘဲ သစ္စာရှိမှုက ၇၀ ဝန်းကျင် ကျန်ရှိနေသေး၏။ သို့သော်လည်း ၈၀ အထက် မဟုတ်ပါက သူ့အား သစ္စာဖောက်နိုင်မည့် အခွင့်အရေးရှိနေဆဲ ဖြစ်၏။

ရှောင်ယွမ်အာလည်း အနည်းငယ် နားမလည်ဖြစ်သွားကာ စာကို ကောက်ဖတ်ကြည့်လိုက်သည်။ စာကို ဖတ်ပြီးနောက် အကြောင်းအရာကို နားမလည်သည့်အလား ခေါင်းကုတ်လိုက်မိသည်။ 

“ ဒါက ထောင်ချောက် မဟုတ်ဘူးလား။ လူတချို့က ဒေါသပုံချလို့  ဝူရှစ်ကျဲက အတင်းကျပ် ဖိအားပေးခံရတာလား ”

လုကျိုးက အဖြေမပေးလိုက်သော်လည်း အေးတိအေးစက် ပြောလိုက်သည်။ 

“ အထွတ်အမြတ်ပလ္လင်ဆီ လိုက်ခဲ့ ”

သူတို့ အပြင်ထွက်မည့်အကြောင်း ကြားသောအခါ ရှောင်ယွမ်အာက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်သည်။

“ ရှစ်စွင်း ရှစ်စွင်း … တပည့်တို့ တကယ်ကြီး အပြင်သွားကြမှာလား ”

“ဘာတွေဒီလောက် စိတ်လှုပ်ရှားနေတာလဲ ”

လုကျိုးက အပြင်ထွက်လာရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ နေ့လယ်ရောက်နေပြီ ဖြစ်ရာ ရာသီဥတုက အတော်သာယာလှသည်။ သူတို့ နေမဝင်ခင် ယွီစီရင်စုဆီ ရောက်နိုင်ပေသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now