Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬
Translator - ME
.........အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
“မင်း လာတာကောင်းတယ် လောင်စန်း၊ မင်းရဲ့ ဆရာတူညီလေးက သူ့လက်သီးသိုင်းအကြောင်း မေးခွန်းတချို့ ရှိနေတာ၊ မင်းက သူ့ကို ပြဿနာ ရှာတွေ့အောင် ကူညီပေးလို့ရတယ်”
လုကျိုးက ပြောလိုက်၏။
“တင်း အရံတာဝန် ပွင့်သွားပါပြီ၊ တပည့်မင်ရှစ်ရင်က တွမ့်မူရှန်း စီမံ့တာ ခံရမှာပါ”
တွမ့်မူရှန်းက ခေါင်းညိတ်ပြီး သူ့လက်သီးကို ဆုပ်မိုးလျက် “ဟုတ်ကဲ့ ရှစ်စွင်း၊ စစ်ရှစ်တိကို ပြဿနာအချက် ရှာတွေ့အောင် သေချာပေါက် ကူညီလိုက်ပါ့မယ်”
သူက မတ်တတ်ထရပ်ပြီး သူ့ဘေးရှိ ဒုက္ခဆင်းရဲရောက်နေသော မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက ငိုကြွေးနေသလို ခံစားရသော်ငြား သူ့တွင် မျက်ရည်မရှိပေ။
‘ဘာကြောင့်များ ဒါတွေက ငါ့ဆီ လာဖြစ်ရတာလဲ’
သူ ငြင်းနိုင်မလား။ ငြင်းလို့ရော ရအုံးမလား။ ပြောရရင် သူက တွမ့်မူရှန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။
‘ဆရာက ပိုပို ကလိမ်ကျလာတာပဲ။ အရင်တုန်းကတော့ ငါတို့ကို သူ ကိုယ်တိုင် ရိုက်တာ၊ ဒါပေမဲ့ အခုတော့ ရှစ်ရှိုးကို ငါ့ ရိုက်ခိုင်းနေပြီ’
“လောင်စန်း စရအောင်”
“အာ... ရှစ်ရှိုး ညင်သာပေးပါ”
ငြိမ်းချမ်းမှု ပြန်ရောက်လာကာ လူနှစ်ယောက်က ရှုမျှော်ဆောင်မှာ ထွက်သွားပြီး လုကျိုးကမူ တင်ပျဉ်ခွေချိတ်ထိုင်လျက် ဆက် အနားယူနေသည်။
‘မင်ရှစ်ရင်က နောက်ဆုံးတော့ ငါ့ကို သံသယဖြစ်လာပြီ၊ ဒီနှုန်းနဲ့ဆို သူက အနှေးနဲ့အမြန် ငါ့ကို တိုက်ခိုက်ဖို့ ဆင်ခြေရှာတော့မှာ၊ ပြီးရင် ငါက အထွတ်အထိပ် သဏ္ဍာန်ကတ်သုံးဖို့ ဖိအားပေးခံရအုံးမှာ’
YOU ARE READING
ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲ
Fantasyအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...