အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား

1.6K 218 1
                                    

အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား

လုကျိုးက ဝေ့ကျိုးယန်၏ စာကို လက်ခံကာ မြန်မြန်ဆန်ဆန် ဖတ်လိုက်ပြီးနောက် ဘေးပစ်ချလိုက်သည်။

မင်ရှစ်ရင်က မြန်မြန် ဖမ်းကာ ဖတ်ကြည့်လိုက်သည်။ ထို့နောက် သူက အပြုံးလေးဖြင့်  “ နတ်ဆရာဆယ်ယောက်နဲ့ တိုက်ပွဲအကြောင်း သူ့နားထဲ ရောက်သွားပြီ ထင်တယ်။ သူ ကြောက်နေတာပဲ ဖြစ်ရမယ် … ”

“ရှစ်ရှိုး … စာထဲက ဘာတဲ့လဲ” ရှောင်ယွမ်အာက သိချင်စွာ မေးလိုက်သည်။

“ ဝေ့ကျိုးယန်က သူ တောင်းပန်ချင်ပါတယ်တဲ့။ သူက ယွီလုံရွာ အဖြစ်အပျက်အတွက်လည်း အပြစ်ကို ပေးဆပ်မယ်။ နောက်နှစ်ရက်နေရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ ကိုယ်တိုင်လာတွေ့ပြီး ကြားထဲက ပဋိပက္ခတွေကို ဖြေရှင်းချင်ပါတယ်တဲ့လေ ”

တွမ့်မူရှန်းက ထိုအကြောင်းကြားလိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

“ သူ့ဆီမှာ ဒီလိုမျိုး ဆုံးဖြတ်နိုင်စွမ်းရှိတာ အံ့ဩမိသား”

အကယ်၍  တခြားတစ်ယောက်ဖြစ်နေလျှင် စိတ်ဓာတ်ပြိုလဲကာ မနည်းတောင်းပန်ရလိမ့်မည်။ သို့သော်လည်း ဝေ့ကျိုးယန်က တပ်မဟာသုံးခုကို တာဝန်ယူထားသူ ဖြစ်ပြီး သူ့အဆင့်အတန်းအရ လွယ်လွယ်ကူကူ ခေါင်းငုံ့မည် မဟုတ်ချေ။

မင်ရှစ်ရင်က ပြောလိုက်သည်။  “ရှစ်မေ့ထျန်းရှင်းရဲ့ ဘဝတစ်သက်တာ ဆန္ဒက သူမရန်သူတွေကို သူ့လက်နဲ့ သတ်ချင်တာပဲ ”

“မဟုတ်တာတွေ လျှောက်ပြောမနေနဲ့” တွမ့်မူရှန်းက မင်ရှစ်ရင်ကို မြန်မြန် ဖြတ်ပြောလိုက်သည်။

မင်ရှစ်ရင်က ပါးစပ်ပိတ်ထားလိုက်၏။

လုကျိုးက စိတ်ထဲ မထားပေ။ ထို့အစား သူက ပြောလိုက်သည်။  “သူမက အသက်ရှင်နေတာကိုက  ကံကောင်းနေပြီ”

သူ့စကားအဆုံးတွင် လျှို့ဝှက်ခန်းထဲ လှည့်ဝင်သွားတော့သည်။

လုကျိုး လျှို့ဝှက်ခန်းထဲ ဝင်သွားသည်နှင့် သူက စနစ်ကို ခေါ်လိုက်သည်။

နာမည်။     ။ လုကျိုး

မျိုးနွယ်။     ။ လူသား

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now