အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အစိမ်းဝတ် ဓားသမားက သူ့နောက်တွင် ရပ်နေသည့် အနက်ဝတ် အမျိုးသားကို လှည့်မကြည့်ပေ။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ဖြစ်တည်လာပြီးနောက် “မင်းတို့ဂိုဏ်းချုပ်ကို ပြောလိုက် ဒီနေ့ ငါ လူသတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ … သူ့ကို အားနာတယ်လို့ ပြောလိုက် ”
အကြောင်းအရင်းတချို့ကြောင့် အနက်ဝတ် အမျိုးသားက “ အားနာတယ်” ဆိုသော စကားကို ကြားလိုက်သည့်အချိန် နောက်ဆုတ်လိုက်မိသည်။ သူက နေရခက်စွာ ပြန်ဖြေလိုက်၏။
“ ချန်ပေ့က အရင်တစ်ခါ ဓားရူးကို သတ်ခဲ့တယ်လေ။ နောက်ပစ်မှတ်ကရော ဘယ်သူလဲ ”
အစိမ်းဝတ် ဓားသမားက အနက်ဝတ် အမျိုးသားအား ဘေးတိုက်ကြည့်လိုက်သောကြောင့် အနက်ဝတ် အမျိုးသားက နောက်ပိုဆုတ်သွားလိုက်သည်။ သူက အတော်လေး ကြောက်လန့်နေပြီး အစိမ်းဝတ် ဓားသမားက သူ့ကို နောက်ပစ်မှတ်ဖြစ်ကြောင်း ပြောမည်ကို ထိတ်လန့်နေမိသည်။
“စိတ်မပူပါနဲ့။ ငါက အမြဲတမ်း ယဉ်ကျေးပြီး ညင်သာတဲ့လူပါ။ မင်းတို့ဂိုဏ်းချုပ်လည်း ကောင်းကောင်း သိပါတယ်” အစိမ်းဝတ် ဓားသမားက မပြောင်းမလဲ ပြောလိုက်သည်။
“အာ့ … ချန်ပေ့ရဲ့ အားကောင်းကောင်း အငွေ့အသက်ကြောင့် ဖိအားဖြစ်သွားရုံပါ။ ချန်ပေ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် ” ထိုအချိန် အနက်ဝတ် အမျိုးသား၏ ဒူးတို့က တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။
“ကိစ္စမရှိပါဘူး” အစိမ်းဝတ် ဓားသမားက ညင်ညင်သာသာ ပြောလိုက်သည်။
“ ဒီရက်ပိုင်း သတင်းပို့ပေးတာ ကျေးဇူးပဲ ”
အနက်ဝတ် အမျိုးသားက သူ့ဘာသာ သက်ပြင်းချလိုက်ရင်း မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်သည်။
အစိမ်းဝတ် ဓားသမားက ဆက်ပြောလိုက်သည်။
“ တကယ်လို့ မင်းကို သတ်ဖို့ ကြံထားရင် အရင်ဆုံး အသိပေးမှာပါ … ရောင်းရင်း ”
သူက “ရောင်းရင်း” ဆိုသော စကားကို ထပ်မပြောခင် တမင်ရပ်လိုက်သေး၏။
BẠN ĐANG ĐỌC
ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲ
Viễn tưởngအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...