အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
တင်းဖန်ချိုးက ရှောင်ယွမ်အာလိုမျိုး ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်ကြံရေး ပါရမီကောင်းရှိသည့်လူကို မတွေ့ခဲ့ဖူးပေ။ သူမက သူ့တပည့်မထက် ပိုကောင်းမှန်း ယုံမှားဖွယ် မရှိပေ။
‘တကယ်လို့ သူသာ ငါ့တပည့် ဖြစ်လာခဲ့ရင် ငါ့အတွက် အထောက်အကူအကြီးကြီး ဖြစ်မှာပဲ။ နှမြောစရာပဲ’
သူက ရှောင်ယွမ်အာကို နှမြောတသဖြစ်စွာ ကြည့်လိုက်ရင်း တွေးလိုက်မိသည်။ ခဏအကြာတွင် သူက လက်မြှောက်လိုက်သည်နှင့် ပေငါးဆယ်အမြင့်ရှိ ပွင့်ချပ်လေးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်လည်း ပျောက်ကွယ်သွားတော့သည်။
ရဲမက်များနှင့် ကျင့်ကြံသူများက ဖိအားပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ကြသည်။
တင်းဖန်ချိုးက ခြေတစ်လှမ်းထောက်ကာ ဆင်ဘုရင်ပေါ် ကြွကြွရွရွ တက်လှမ်းသွားသည်။ သူ့တပည့်သုံးယောက်က ဆင်ဘုရင်ပေါ်ရှိ အခန်းငယ်နား သူတို့အား တိုက်ခိုက်လာနိုင်သည့် ကျင့်ကြံသူများကို စောင့်ကြပ်နေကြသည်။ သူက အခန်းငယ်ထဲ ဝင်သွားပြီးနောက် ကြော့ရှင်းစွာ ထိုင်ချလိုက်သည်။ သူက လှုပ်ရှားမှုမရှိဘဲ အရှိန်အဝါတစ်ခုတည်းဖြင့် ရဲမက်များအား နောက်ဆုတ်သွားစေသည်။
လုကျိုးက အသာခေါင်းခါလိုက်သည်။ သူက ထိုသို့သောအရာမျိုးကို စိတ်မဝင်စားပေ။ အကယ်၍ သူသာ ထွက်သွားလိုလျှင် နတ်ခြင်္သေ့ကို ဆင့်ခေါ်လိုက်ရုံမျှ ဖြစ်၏။
ဝုန်း ဝုန်း ဝုန်း
ဆင်ဘုရင် ခြေလှမ်းလှမ်းလိုက်တိုင်း မြေကြီးပင် တုန်ခါသွားစေသည်။
တင်းဖန်ချိုး လက်မြှောက်လိုက်သည့်အခါတိုင်း ရဲမက်တစ်ဦး သေဆုံး၏။
တင်းဖန်ချိုးက ရဲမက်များ၏ ခြေထောက်အောက်ရှိ ခရမ်းရောင်ခပ်ဖျော့ဖျော့ စက်ဝန်းပေါ်လာသည့်အခါ ထွက်သွားတော့မလို ဖြစ်သည်။ ထိုစက်ဝန်းက ထူးဆန်းကာ နက်နဲလှသည်။ ထိုစက်ဝန်းများမှ အစိမ်းရောင်အခိုးအငွေ့နှင့်တူသည့် အရာများ စတင်ပျံ့နှံ့လာသည်။
ВЫ ЧИТАЕТЕ
ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲ
Фэнтезиအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...