အခန်း (၁၄၀၉) : သူ ကံကောင်းတယ်လို့ ပြောလို့ရတယ်
“ မင်း သိပ်ကို သတ္တိရှိနေတယ်ပေါ့လေ” ဝါဘယ်က အရမ်းကို ဒေါသထွက်နေသည်။
သူက ဂရက်ဂိုရီကို သတ်ချင်နေသော်လည်း ဂူမန်မန်က သူ့ကို ကာကွယ်ပေးနေသည်။
သူက သူမနဲ့ မယှဉ်နိုင်ဘူးဆိုတာကို သိသော်လည်း သူမကို ခြိမ်းခြောက်ချင်တုန်းပင် ဖြစ်သည်။ ထို့ကြောင့် အကုန်လုံးကို လိုက်ကြည့်ရင်း အဲလ်ဗစ်ကို တွေ့တော့ ပြောလိုက်သည်
“ ဝံပုလွေပေါက်လေး ငါနဲ့လာပြီး တိုက်ခိုက်”
အဲလ်ဗစ်ကလည်း တိုက်ခိုက်ဖို့ ငြင်းဆန်တာမျိုး ရှိခဲ့လို့လား
သူက ရယ်မောရင်း ပြောလိုက်သည်
“ တိုက်ခိုက်ရမှာကို ပျော်ပါတယ်”
ထို့နောက် အဲလ်ဗစ်နဲ့ ဝါဘယ်တို့ တစ်ဖက်တစ်ချက်စီမှာ ရပ်လိုက်ကြသည်။
ဂူမန်မန်ကတော့ ကိုယ့်နဖူးကို ရိုက်လိုက်မိတော့သည်။ သူတို့ မက်ကာသဲကန္တာရကို မသွားခင်တုန်းကအတိုင်း ဝါဘယ်နဲ့ အဲလ်ဗစ်တို့ ထပ်မံ တိုက်ခိုက်နေကြပြန်သည်။
စောစောကတော့ ဝါဘယ် ဂရက်ဂိုရီကို ဘာကြောင့်တိုက်ခိုက်လဲဆိုတာကို စဉ်းစားချိန် မရလိုက်ပေ။
အခု စဉ်းစားကြည့်တော့မှ မော့တိုတောင်က ကိစ္စကို ကြားသွားပြီး သူမကို မလုပ်ရက်တော့ ဂရက်ဂိုရီအပေါ် အပြစ်ပုံချတာ ဖြစ်လိမ့်မယ်
သူမရဲ့ လုပ်ရပ်အတွက် တစ်ခြားသူက သူမအစား ပေးဆပ်ရမှာမျိုးကို သူမ မလိုချင်ပေ။
“ သူ့ကို ကုပေးလိုက်ပါဦး။ ချီးထုပ်လေးရဲ့ အဆိပ်ကြောင့် သူ့ကို မသေစေနဲ့” ဂူမန်မန်က ခေါင်းကို အသာယမ်းကာ ပြောလိုက်သည်။ သူမက ဂရက်ဂိုရီကို ကူပြီး ထူပေးဖို့လုပ်ပြီးမှ နောက်ပြန်ဆုတ်ကာ လီရာကိုသာ အားလုံး အပ်ထားလိုက်သည်။
ဂူမန်မန် ဂရက်ဂိုရီအား ရှောင်လိုက်တာကို တွေ့တော့ လီရာ ဝမ်းသာသွားသည်။ ဂူမန်မန်ကိုကြိုက်ဖို့ ဂရက်ဂိုရီကို သူ ကိုယ်တိုင် ခွင့်ပြုခဲ့သော်လည်း မိသားစုထဲမှာ နောက်ထပ် အမျိုးသားတစ်ယောက်ကို လက်ခံမည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ အထူးသဖြင့် ရုပ်ရည်ကလည်း သူ့ကို ယှဉ်နိုင်ပြီး ပျံသန်းတတ်တဲ့သူမျိုးကိုတော့ လက်မခံချင်ပေ။