အခန်း (၁၄၃၃) : မင်း တစ်စုံတစ်ယောက်ကို ထိခိုက်အောင် လုပ်ချင်ရင်တောင် သူတော့ မဟုတ်သေးဘူး
ဂူမန်မန် နားမလည်နိုင်တော့ပေ။
သူက ဂရက်ဂိုရီအကြောင်းကို ပြောနေခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး စနိတ်ခ်အကြောင်း ပြောင်းပြောနေရတာလဲ
စနိတ်ခ်ရဲ့ ကာကွယ်ခြင်းအမှတ်ကို မိတ်ဖက်အမှတ်အဖြစ် ပြောင်းလိုက်ရင် ဘာတွေထူးခြားသွားမှာလဲ
အင်း……
သူက သူမရဲ့သေသွားတဲ့ ယောက်ျားဆိုပြီး ဝန်ခံလိုက်ရုံနဲ့ သူ့ကို အသက်ပြန်ရှင်စေလို့လား
လီရာက ဂူမန်မန်၏ သံသယတွေကို ရိပ်စားမိတာကြောင့် ဆက်ပြောလိုက်သည်
“ အဲ့တော့ ပထမဆုံးနှစ်မှာပဲ မင်းနဲ့ အဲလ်ဗစ်က ပါတနာတွေဖြစ်လာပြီးတော့ ဟဲတျဲတို့ ညီအစ်ကိုတွေကို မွေးခဲ့တယ်။ ဒုတိယနှစ်မှာ ကိုယ်က မင်းရဲ့အိမ်မွေးသားရဲ ဖြစ်လာပြီးတော့ အော်ရီတင်က အစောင့်အရှောက် သားရဲအဖြစ်နဲ့ ကိုယ်တို့မိသားစုထဲဝင်လာတယ်။ တတိယမြောက်နှစ်မှာ မင်းက စနိတ်ခ်နဲ့ ပါတနာတွေ ဖြစ်လာပြီးတော့ ကိုယ်ကလည်း မင်းရဲ့ တတိယမြောက် ပါတနာဖြစ်လာတယ်”
ဂူမန်မန် ကိုယ့်နဖူးကိုကိုင်ကာ ပြောလိုက်သည်
“ ဒါဆို ကျမက တစ်နှစ်ကို ပါတနာတစ်ယောက်တော့ လက်ခံတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား”
လီရာက မျက်လွှာချကာ ခပ်ဖွဖွရယ်ရင်း ပြောလိုက်သည်
“ အင်း အဲ့လိုမျိုးပဲပေါ့။ တစ်နှစ်ကို ပါတနာအသစ်တစ်ယောက်ပဲ လက်ခံတာက တစ်ခြားမိသားစုတွေနဲ့ယှဉ်ရင် နည်းပေမဲ့လည်း တစ်နှစ်ကို အနည်းဆုံးတစ်ယောက်တော့ လက်ခံတယ်ဆိုတာက အဓိပ္ပာယ်ရှိတာပေါ့”
ဂူမန်မန်က သက်ပြင်းချကာ ပြောလိုက်သည်
“ ဒါဆို ဒီနှစ်က လေးနှစ်မြောက်ဆိုတော့ ဂရက်ဂိုရီကို မိသားစုထဲ ဝင်ခိုင်းမယ်ဆိုတဲ့ သဘောလား ဟုတ်လား”
လီရာ ခေါင်းညိတ်ကာ ပြောလိုက်သည်
“ သူ့ကို အိမ်မွေးသားရဲအဖြစ်နဲ့ မင်းရဲ့အိပ်ရာပေါ် တက်ခွင့်ပြုမှာတော့ မဟုတ်ပါဘူး။ ကိုယ်တစ်ယောက်ထဲနဲ့တင် လုံလောက်ပါပြီ။ အဲ့တာကြောင့် သူ့ကို ကိုယ်တို့မိသားစုထဲမှာ အစောင့်အရှောက် သားရဲရာထူးနဲ့ နေရမယ်။ သူက ကိုယ်တို့နဲ့ အမြဲတမ်း နေမှာ မဟုတ်ဘူးလေ….အော်ရီတင်လိုမျိုးပဲ စားသောက်ခါနီးမှ လာမှာ။ ထမင်းစားပွဲဝိုင်းမှာ တူတစ်စုံ ထပ်ထည့်လို့ပဲ သဘောထားလိုက်လို့ရပါတယ်။ စိတ်ထဲ အများကြီးမထားနဲ့ ဟုတ်ပြီလား”