အခန်း (1715-1716)

248 26 0
                                    

အခန်း (၁၇၁၅) : ရှင်က ရှင့်ကိုယ်ရှင်ပဲ ချစ်တတ်တာ

အမိန့်ပေးသောသူက အဲလ်ဗစ်မဟုတ်ဘဲ ဂူမန်မန် ဖြစ်သည်။

သူမက ဝံပုလွေတစ်ကောင်၏ ခေါင်းကို ပွတ်ပေးရင်း အဲလ်ဗစ်၏ ရင်ခွင်ထဲသို့ ဝင်ကာ သူမ၏ အဖေဆီသို့ ဝံပုလွေအုပ်လိုက် သွားနေသည်ကို မျက်နှာသေဖြင့် ကြည့်နေသည်။

သူက သူမ ပြောတာကို ကြားနိုင်သေးမှန်း သိသည့်အတွက် ပြောလိုက်သည်

" ကျမကို ဘဝတစ်ခုပေးဖို့အတွက် ရှင်က သုတ်ပိုးတစ်ကောင်ပဲ ပေးခဲ့တာ။ ရှင့်ကြောင့် သူတို့ကို တွေ့ခွင့်ရတာဆိုတော့ ရှင့်ကို ကျေးဇူးတင်သင့်တယ် ထင်တယ်"

" ဒါပေမဲ့ ရှင့်ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ရှင့်ကို ဒီလိုမျိုး အဆုံးသတ်သွားစေတာပဲ။ ရှင်က အဖေတစ်ယောက်ရဲ့တာဝန်ကို မကျေပွန်ချင်တာနဲ့ပဲ အချစ်စစ်ကို ရှာတွေ့သွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်သမီးကို စွန့်ပစ်ခဲ့တယ်။ အခုကျတော့ ရှင် စွန့်ပစ်ခဲ့တဲ့ သမီးက ရှင့်အသက်ကို ချုပ်ကိုင်နိုင်တဲ့သူဖြစ်လာတော့ ရှင်ပြောခဲ့တဲ့ အချစ်စစ်ကို လွှင့်ပစ်လိုက်တာပဲနော်"

" ရှင်က ကျမရဲ့အမေကို မချစ်သလို၊ ကျမကိုလည်း မချစ်ဘူး။ ပြီးတော့ ဝမ်စုယွင်ကိုလည်း မချစ်ပဲ ရှင့်ကိုယ်ရှင်ပဲ ချစ်တတ်တဲ့သူ"

" ဒါပေမဲ့ ရှင် ကိုယ့်ကိုယ်ကို ချစ်တဲ့နည်းက သူများတွေကို ထိခိုက်စေတယ်။ ဒါပေမဲ့ ရှင့်ကို ကြည့်ရတာ နောင်တရတဲ့ပုံစံလည်း မပေါ်ဘူးနော်"

" အခုလေးတင်အထိ ကျမ ရှင့်ကို အခွင့်အရေး ပေးခဲ့တယ်လေ။ ရှင်သာ သွေးသားအတွက် နည်းနည်းလောက်ပဲ စိတ်ပူခဲ့မယ်ဆိုရင် ကျမကို အတူတူခေါ်ပြီး ထွက်မပြေးရင်တောင် တွန်းမပစ်ခဲ့သင့်ဘူး။ ဒါမှမဟုတ်......ရှင်သာ ဝမ်စုယွင်ကို အပြစ်တင်မဲ့အစား သူမအတွက် တောင်းပန်ပေးပြီးတော့ လင်မယားချစ်ခြင်းကိုသာ ပြသခဲ့မယ်ဆိုရင် ရှင်တို့ အရင်တုန်းက ပြောခဲ့တဲ့ အချစ်စစ်ဆိုတာကို ယုံပေးပြီးတော့ ရှင့်ကို လွှတ်ပေးမလို့ပဲ"

" ကံမကောင်းစွာနဲ့ ရှင်က ကိုယ့်ကိုယ်ကိုပဲ ချစ်တတ်တယ်"

" ရှင့်အနားမှာရှိတဲ့သူတွေကို ရှင့်ကိုယ်စား စတေးခံဖို့ပဲ အသုံးချတတ်တယ်"

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now