အခန်း (1523 - 1524)

331 48 1
                                    

အခန်း (၁၅၂၃) : ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး ကျမအပေါ် ခုန်အုပ်လိုက်မှာကို ကြောက်တာ

အရင်တုန်းကဆိုလျှင် အဲလ်ဗစ် လုပ်တာကို ခံပြီးပါက သုံးရက်လောက်အိပ်ပျော်သွားပြီး တစ်ပတ်လောက် အိပ်ရာထဲကနေ မထနိုင် ဖြစ်ခဲ့သည်။

အခုတော့ ထူးဆန်းစွာနဲ့ ဂူမန်မန်က မနက်ရောက်တော့ နိုးနေပြီ ဖြစ်သည်။

သူမ မျက်လုံးတွေပွတ်ပြီး ထလာတော့ အဲလ်ဗစ်နဲ့လီရာတို့ ကြောင်အသွားကြသည်။

“ ကိုယ်…ကိုယ် မနက်စာ သွားပြင်လိုက်ဦးမယ်” လီရာက ချက်ချင်းအသိဝင်ကာ ကျောက်ရဲတိုက်ထဲကနေ ချက်ချင်းထွက်သွားသည်။ ထို့နောက် အော်ရီတင်ကိုခေါ်ကာ စားစရာချက်တော့မည့်အကြောင်း ပြောလိုက်တာနဲ့ အော်ရီတင်က အမဲလိုက်ဖို့ အလင်းလိုအလျင်နဲ့ ထွက်သွားပြီး လီရာလည်း စတင်ချက်ပြုတ်ဖို့ ပြင်ဆင်ရတော့သည်။

အဲလ်ဗစ်က ဂူမန်မန်ကို သူ့ရင်ခွင်ထဲမှာ ဖက်ထားကာ ခပ်ဖွဖွမေးလိုက်သည်

“ မင်း ဒီထက် ကြာကြာအိပ်မှာ မဟုတ်ဘူးလား”

ဂူမန်မန်က အဲလ်ဗစ်ကို မကျေနပ်စွာဖြင့်ကြည့်လိုက်ပြီး ပြောသည်

“ အခုတော့ ကျမကို စိတ်ပူပြီပေါ့ ဟုတ်လား။ ကျမ မနေ့တုန်းက တောင်းပန်နေတော့ မသက်ညှာပေးပဲနဲ့။ ကျမရဲ့ခါး ကျိုးပြီလို့တောင် ထင်နေတာ….”

“ မင်း တောင်းပန်နေတဲ့အသံလေးက အရမ်းနားထောင်လို့ကောင်းတော့ ကိုယ် ပိုပြီးကြားချင်လာတာ…အဲ့တာကြောင့်….” မနေ့ညတုန်းက အဖြစ်အပျက်ကို အဲလ်ဗစ် ပြန်ပြီးစဉ်းစားမိလာတာကြောင့် စိတ်တွေကြွလာရပြန်သည်။

သူ စိတ်ကြွလာတာကို ဂူမန်မန် ခံစားမိတာကြောင့် သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်

“ တော်တော့နော်။ ရှင် ကျမအပေါ်ကို ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး ခုန်အုပ်မှာကို ကြောက်နေတာ။ မနေ့ညတုန်းက တစ်ညလုံး ရှင့်ကိုခွင့်ပြုထားလို့ ကျမ အခု ဗိုက်ဆာလို့ သေတော့မယ်။ ရှင် ကျမကို စားစရာမကျွေးရင် တကယ် သေသွားလိမ့်မယ်”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now