အခန်း (1675 - 1676)

294 41 0
                                    

အခန်း (၁၆၇၅) : ပြန်ပေးဆွဲခံရခြင်း

ဝန်ထမ်းက သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးဖို့လာချိန် အဲလ်ဗစ်၏ လက်မောင်း စူးခနဲဖြစ်သွားတာကို ခံစားလိုက်သည်။

သူလည်း ချက်ချင်း ဦးထုပ်ကို ငိုက်ဆောင်းထားသည့် ဝန်ထမ်းကို သေချာမော့ကြည့်လိုက်သည်။

ထိုသူက ယုတ်မာစွာပြုံးကာ မပီသသော တရုတ်ဘာသာစကားဖြင့် ပြောလိုက်သည်

“ မင်းရဲ့ အမျိုးသမီးကို အန္တရာယ်ကင်းစေချင်ရင် သေချာနားထောင်”

အဲလ်ဗစ်က ဂူမန်မန်ကို လှည့်ကြည့်လိုက်တော့ သူမကို ဝန်ထမ်းတစ်ဦးက ခါးပတ်ဖြုတ်ပေးနေတာကို မြင်တွေ့လိုက်ရသည်။ ဂူမန်မန် အပူရှပ်သွားသည့်အတွက် အနားယူရန် လိုအပ်သည်ဟုဆိုကာ ဝန်ထမ်းက စင်္ကြန်တစ်လျှောက် ဖြတ်ကာ ခေါ်ဆောင်သွားသည်။

အဲလ်ဗစ်က လိုက်သွားဖို့ ပြင်လိုက်တော့ ခါးပတ်ကို မဖြုတ်ရသေးတာကို သတိရသွားသည်။

သူ ခါးပတ်ကို ဖြုတ်ဖို့ကြိုးစားသော်လည်း ခါးပတ်က ပြုတ်မသွားပေ။

ထို့နောက် အားအင်တွေ ကုန်ခမ်းလာသလို ခံစားရသည်။ သူ ဒေါသထွက်လာလေလေ ပိုပြီးတော့ ခေါင်းမူးလာလေလေ ဖြစ်သည်။ သူ အံကြိတ်ထားသော်လည်း သတိကို ထိန်းလို့မရတော့ပဲ မေ့လဲသွားသည်။

အဲလ်ဗစ် လုံးဝ မေ့လဲသွားမှသာ ဝန်ထမ်းက ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးလိုက်သည်။ သူ နောက်လှည့်ကြည့်ပြီး အချက်ပြလိုက်တာနဲ့ လည်ပတ်သူများအဖြစ် ဟန်ဆောင်ထားကြသောသူတွေက အဲလ်ဗစ်ကို သယ်သွားကြသည်။

သို့သော် ထိုကိစ္စက ကစားကွင်ထဲရှိ တစ်ခြားသူတွေ၏ အာရုံကို မဖမ်းစားနိုင်လိုက်ပေ။

ဂူမန်မန် သတိပြန်ရလာသည့်အခါ မျက်လုံးတွေ လေးလံနေသည့်အတွက် ခေါင်းလည်းမထောင်နိုင်သလို မျက်လုံးကို ပွတ်ဖို့လည်း အားမရှိပေ။

“ အား….”

“ မင်း နိုးလာပြီပဲ” မနီးမဝေးသောနေရာမှ သူစိမ်းတစ်ယောက်၏ အသံထွက်ပေါ်လာသည်။

ဂူမန်မန် ကြည့်လိုက်သည့်အခါ မလှမ်းမကမ်းနေရာတွင် ဥရောပစတိုင် ကျောမှီမြင့် ထိုင်ခုံပေါ်တွင် ထိုင်နေသော အသက်အရွယ်ရင့်သည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now