အခန်း (1417 - 1418)

352 41 0
                                    

အခန်း (၁၄၁၇) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင်စီနီယာ

လူတစ်ယောက်၏ ပျမ်းမျှသက်တမ်း၈၀နဲ့ပဲ တွက်ကြည့်လျှင်တောင် သူ့အနေနဲ့ တစ်နေ့ကို ထမင်းသုံးနပ်ဖြစ်သည့်အတွက် ဂူမန်မန်အတွက် အကြိမ်ပေါင်း ၆၇၈၉၀ ချက်ပြုတ်ကျွေးလို့ ရသေးသည်။ သူတို့ချိန်းတွေ့ရင် စားတာ၊ အလုပ်မှာ စားတာ၊ ကျောင်းကန်တင်းမှာ စားတာနဲ့ ဂူမန်မန် သရေစာတွေ စားတာကို ဖယ်လိုက်ပါက သူမအတွက် အကြိမ်ပေါင်း ၄သောင်းခန့် ပြင်ဆင် ချက်ပြုတ်ပေးလို့ ရသေးသည်။

သူသင်ထားသော ဟင်းလျာတွေ အကုန်လုံးကို ချက်ပြုတ်ပေးချင်ပါက တစ်ခါစားတိုင်း ဟင်းလျာသုံးပွဲနဲ့ ဟင်းချိုတစ်မျိုးကို ချက်ပြုတ်ရမည် ဖြစ်သည်။

နေ့လည်စာကိုတော့ ပါစတာသာ ပြင်ဆင်လိုက်သည်။ ထို့နောက် အချိုပွဲကိုလည်း သေချာ အသေးစိတ် ပြုလုပ်ထားသည်။ ပုံမှန်ဆိုလျှင် အီတလီအစားအစာတွေကို ဝိုင်နီဖြင့် တွဲဖက် စားသုံးသင့်သော်လည်း ဂူမန်မန်ကို မသောက်စေချင်သည့်အတွက် ဒီဗီလာထဲမှာ ဝိုင်ပုလင်း တစ်ပုလင်းတောင် မရှိပေ။ ‘F’နိုင်ငံတော်မှာတော့ စပျစ်ခြံပင် ရှိသည်။ အဲ့တာက ဂူမန်မန်အတွက် မင်္ဂလာလက်ဆောင်အဖြစ် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

စားသောက်လို့ပြီးနောက်မှာတော့ စနိတ်ခ်က ဂူမန်မန်ကိုချီကာ ဒုတိယအထပ်ရှိ လသာဆောင်သို့ခေါ်သွားကာ နေပူဆာလှုံရင်း သူမရဲ့ ဆံပင်တွေကို ဆော့ကစားနေသည်။ ထို့နောက် ရယ်ပြကာ မေးလိုက်သည်

“ မင်းက ကိုယ့်ကို ‘ရှင်းဟွာ အဘိဓာန်’ ဖတ်ပြမှာလား ဒါမှမဟုတ် မင်းစိတ်ထဲ ဘာတွေတွေးနေလဲဆိုတာကို ထုတ်ပြောပြချင်လား”

ဂူမန်မန်ကတော့ စနိတ်ခ်ကိုယ်တိုင် ဖျော်ပေးထားသော ကော်ဖီကို ဖြည်းဖြည်းချင်း သောက်နေသည်။

သောက်ရတာ တကယ်ကောင်းလိုက်တာ….အချိုဓာတ်ကလည်း အနေတော်ပဲ အမြုပ်တွေလည်း မများနေဘူး

သူ့အကြိုက်နဲ့ ညှိဖို့အတွက် အရမ်းခါးနေအောင် လုပ်မထားသလို သူမရဲ့အကြိုက်နဲ့ ညှိဖို့အတွက် အချိုတွေလည်း အများကြီး ထည့်မထားပေ။ စနိတ်ခ် ဂရုတစိုက် ဖျော်ပေးထားတာကြောင့် ဂူမန်မန် ဖော်မပြနိုင်လောက်တဲ့အထိကို ကျေနပ်နေသည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now