အခန်း (1515 - 1516)

307 43 0
                                    

အခန်း (၁၅၁၅) : မိန်းမလှလေး ငါ နင့်အပေါ် အမှားလုပ်မိသွားပြီ

“ မိန်းမလှလေး….” စန္ဒီက ထိုင်ခုံမှထကာ သူမရှေ့တွင် ပိတ်နေသော ဟော်ဆန်ကို တွန်းလွှတ်ပြီး ဂူမန်မန်ဆီ ပြေးသွားလိုက်သည်။

ဂူမန်မန်ကလည်း လီရာပေါ်ကနေ ဆင်းကာ ပြေးသွားကာ သူမတို့နှစ်ယောက်အချင်းချင်း တင်းကြပ်စွာ ဖက်ထားလိုက်ကြသည်။

ဝက်ဝံပေါက်လေးနဲ့ မိန်းမလှလေးဆိုသော နာမည်ပြောင်များမှာ ပြီးခဲ့သော တစ်ခေါက်တုန်းက ဂူမန်မန်နဲ့ စန္ဒီ အချင်းချင်း ခေါ်ဖို့ သဘောတူခဲ့သော နာမည်များပင် ဖြစ်သည်။ သူတို့ပါတနာတွေအပြင် သူတို့အချင်းချင်းလည်း နာမည်ပြောင် ခေါ်ဖို့ သဘောတူထားကြသည်။

နာမည်ပြောင်တစ်ခုပင် ဖြစ်သော်လည်း ဂူမန်မန်၏ ရာထူးကြောင့် သားရဲကမ္ဘာမှာ ဂုဏ်အရှိဆုံး ဖြစ်နေပြန်သည်။

စန္ဒီက ဂုဏ်အကြောင်းကို စိတ်မဝင်စားပဲ သူမက သူမအတွက် အရေးပါဆုံး သူငယ်ချင်းဖြစ်ခွင့်ရသည့်အတွက် အရမ်းပျော်ရွှင်နေသည်။

“ ဘယ်လိုဖြစ်သွားတာလဲ။  စိတ်ထိန်းဖို့ ခက်သွားတာလား” ဂူမန်မန်က စလိုက်သည်။

အခုလို ပြောလိုက်တာနဲ့ စန္ဒီက မျက်နှာနီရဲသွားပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်

“ မိန်းမလှလေး … ငါ နင့်အပေါ် အမှားလုပ်မိပြီ”

“ ဘာဖြစ်လို့လဲ” ဂူမန်မန်၏ စိတ်ထဲ ရှုပ်ထွေးသွားရသည်။

စန္ဒီက အာနိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်

“ နင် ခရီးမသွားခင်တုန်းကတော့ လီရာ မြေခွေးဘုရင်ဖြစ်လာမှ သူ့ကို လက်ခံမယ်ဆိုပြီး သေချာပေါက် ပြောထားပေမဲ့…..ဒါပေမဲ့…အဲ့ဒီနေ့တုန်းက ငါ တကယ်…..”

စန္ဒီပြောတာ အာနိုးကို ဆိုလိုမှန်း ဂူမန်မန်သိတာကြောင့် ပြုံးပြလိုက်သည်။ သူမက စန္ဒီကို တံတောင်ဖြင့်တွတ်ကာ ပြန်ဖြေလိုက်သည်

“ နင် စိတ်ဖိစီးနေမှာစိုးလို့ ငါက စလိုက်တာပါ။ ငါက နင့်ကို စလိုက်တာကို နင်က အတည်ယူနေတာလား။ အမယ်လေး ကြည့်ရအောင်…..”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now