အခန်း (၁၄၅၇) : ဂူမန်မန်က သူ့ကို အားမကိုးချင်ဘူး
လေထုက တဖြည်းဖြည်း ပါးလွှာလာသလို အရှိန်ပြင်းမှုကလည်း ဂူမန်မန်ကို နာကျင်စေသည်။ သူမ ဂရက်ဂိုရီ၏ ငှက်မွေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မျက်နှာက အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ဖြူဖပ်ဖြူလျော် ဖြစ်လာမိသည်။
သူမ အသိစိတ် ပျောက်ဆုံးသွားကာ မေ့သွားသည်။
သူမရဲ့ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းဘေးသို့ ရွေ့လျားလာကာ ပြုတ်ကျသွားသည်။။ အဲ့ဒီ ရွေ့လျားမှုကို ဂရက်ဂိုရီ ခံစားမိတာနဲ့ ပြန်လှည့်ကာ ဂူမန်မန်ကို ဖမ်းဖို့ လုပ်ရသည်။
သို့သော် သူ့လက်သည်းတွေနဲ့ ဖမ်းလိုက်ပါက သူမ ထိခိုက်သွားမည်ကို စိုးရိမ်တာကြောင့် ကျောပေါ်မှာတင်ပြီး ဖမ်းဖို့သာ အမြန်ပျံသန်းရတော့သည်။
အမြင့်ဆုံးအထိ ပျံသန်းသွားတာက အရိုးရှင်းဆုံးနဲ့ အမြန်ဆုံး နည်းလမ်းဖြစ်သော်လည်း အခု သူမက သတိမေ့နေသည့်အတွက် သူ့ငှက်မွေးတွေကို မဆွဲထားနိုင်တော့ပေ။ ဂရက်ဂိုရီလည်း ရွေးချယ်စရာ မရှိတော့ပဲ တောင်ကိုပတ်ပြီး ပျံသန်းရသည်။ အဲ့လိုပျံသန်းရခြင်းက အထက်ကို တိုက်ရိုက်ပျံသန်းရခြင်းထက် ပိုမို ခက်ခဲလှသည်။ အမြင့်သို့ ပျံသန်းလေလေ ရာသီဥတုကလည်း ပိုမိုကြမ်းတမ်းလာပြီး အန္တရာယ်လည်း ပိုမိုများပြားလာသည်။
ဂရက်ဂိုရီက ဂူမန်မန်ကို လက်သည်းဖြင့် ဆုပ်ကိုင်ကာ အထက်သို့သာ ပျံသန်းသွားချင်သော်လည်း အဲ့လိုလုပ်လိုက်ပါက လက်သည်းမှာ အားနည်းနည်းလောက် ထည့်မိလိုက်တာနဲ့ ဂူမန်မန်ကို ထိခိုက်သွားမည် ဖြစ်သည်။ ထို့အပြင် သူမကို ငှက်မွေးများဖြင့် မဖုံးအုပ်ပေးထားနိုင်တော့တာကြောင့် သူမ လေအေးတွေရဲ့ ဒဏ်ကိုလည်း ခံရမည်ဖြစ်သည်။
လေထဲမှာ ပျံသန်းနေကြဖြစ်သော သူတောင် အခုလေထုက ကြမ်းတမ်းပြီး ဓားသွားလို ဖြစ်နေတာကြောင့် သူမသာ အဲ့ဒီလေဒဏ်ကို ခံရပါက သူ တွေးတောင် မတွေးရဲတော့ပေ။
တစ်ခြားသူ နာကျင်ခံစားရမှာကို မကြည့်ရက်ပေ
သူသာ နာကျင်မှုကို ခံစားရင် ခံစားလိုက်မယ် ….