အခန်း (1575 - 1576)

339 48 0
                                    

အခန်း (၁၅၇၅) : တောအုပ်၏ ဝိညာဉ်

ဂူမန်မန်က သားရဲအရှိန်အဝါကို ထုတ်ဖို့ ကြိုးစားလိုက်သော်လည်း သက်ရောက်မှုမရှိ ဖြစ်နေသည်။

သူမက ကူကယ်ရာမဲ့စွာ ရယ်ကာ ပြောလိုက်သည်

“ အင်းပါ….ကျမက သန်မာစရာလည်း မလိုတော့ပါဘူး။ ကျမရဲ့အမျိုးသားနှစ်ယောက်လုံးက သားရဲဘုရင် ဖြစ်နေပြီဆိုတော့ ကျမက ဘာလို့ သားရဲအရှိန်အဝါ လိုနေဦးမှာလဲ”

ဂူမန်မန် အခုလိုပြောလိုက်တော့မှ လီရာလည်း စိတ်သက်သာရာရသွားရသည်။

သို့သော် မပြီးပြတ်သေးသော ပြဿနာတစ်ခုရှိသေးသည်

“ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာ မရှိတော့ဘူးဆိုရင် မင်း ကလေးမွေးတဲ့အခါ သေချာပေါက် နာကျင်ရမှာ အဲဒါကြောင့်…..”

ဂူမန်မန်က သူမရဲ့ဗိုက်ကိုကိုင်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြန်ပြောသည်

“ ကျမ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ရှင်သာ ကျမရဲ့ဗိုက်နဲ့ပတ်သက်ပြီး ထူးဆန်းတာတွေ လျှောက်တွေးနေမယ်ဆိုရင် ကျမ ရှင်နဲ့သေတဲ့အထိ တိုက်ခိုက်သွားမယ်”

ဒီလိုဖြစ်မယ်ဆိုတာကို သူ သိပြီးသား ဖြစ်သည်။

လီရာက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ပြောလိုက်သည်

“ မင်း ဒီကလေးကို ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာကို ကိုယ်သိပါတယ်။ သူမနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ပြီး ထူးထူးဆန်းဆန်းတွေ လျှောက်ပြီး တွေးရဲပါ့မလဲ။ မင်းက အိပ်မက်ထဲမှာဆိုရင် ဟိုဘက်ကမ္ဘာက အခြေအနေတွေကို မြင်နိုင်တယ်မလား။ အခု မင်းက သားရဲနတ်ဘုရား ဖြစ်သွားပြီဆိုတော့ ကလေးမွေးတဲ့နည်းကို သင်လို့ရနိုင်အောင် အိပ်မက်ကမ္ဘာထဲကို ပို့ပေးလို့ရလား။ ဒါဆို နောက်ကျ မင်း ကလေးမွေးတဲ့အခါ လက်ရှိအခြေအနေထက် နာကျင်မှုနည်းအောင် လုပ်ပေးလို့ ရအောင်လို့ပါ”

ဂူမန်မန်က သူ ပြောတာကို ကြားမှ စိတ်အေးသွားကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်

“ အော်…အဲလိုလား ရှင်ကလည်း စောစော ပြောတာမဟုတ်ဘူး။ ကျမ လန့်သွားတာပဲ”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now