အခန်း (၁၆၈၃) : ‘F’ နိုင်ငံရဲ့ အစိုးရနဲ့ အပြစ်သားတွေကို ပူးပေါင်းလိမ်လည်ဖို့ ညှိနှိုင်းပေးတဲ့သူ ဖြစ်လာပြီတဲ့လား
“ ဒါနဲ့ စကားမစပ်” အဲလ်ဗစ်က လီရာကို ကြည့်ကာ ပြောလိုက်သည်
“ သူက အခု ဒေါသမီးတောက်ဂိုဏ်းရဲ့ ဒုတိယပိုင်ရှင် ဖြစ်လာပြီ။ အဲဒါကြောင့် အတွင်းရေး ကိစ္စတွေအကုန်လုံးကို သူပဲ စီစဉ်လိမ့်မယ်။ အကြံဉာဏ်လိုအပ်ရင် သူ့ပေးတဲ့ အကြံကို သုံးပြီးတော့ အကောင်အထည် ဖော်ပေးမဲ့သူကတော့ ကိုယ်ပေါ့”
ဂူမန်မန်က ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း အဲလ်ဗစ်နှင့် လီရာကိုကြည့်ကာ ပြောလိုက်သည်
“ ဒါဆို ရှင်တို့က ဒေါသမီးတောက်ဂိုဏ်းကို နဇိုင်းရယ်လိုမျိုး ထိန်းချုပ်ဖို့ လုပ်နေကြတာလား”
“ ဒီလိုမျိုးပဲပေါ့” အဲလ်ဗစ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဘယ်လိုပဲဖြစ်ဖြစ် ဒေါသမီးတောက်ဂိုဏ်းက နဇိုင်းရယ်ထက် ပိုပြီးတော့ ထိန်းချုပ်ရလွယ်ကူပါတယ် ဘာလို့လဲဆိုတော့ ဒီမှာ ပြဿနာရှာတတ်တဲ့ အမျိုးသမီးတွေမှ မရှိတာ”
သူမရဲ့ ယောက်ျားတွေက အမျိုးသားတွေကို ကိုင်တွယ်ရတာ ပိုပြီးတော့ လိမ္မာပါးနပ်ကြောင်း ဂူမန်မန် နားလည်သည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။
လီရာက အမြီးကို ယမ်းရင်း ဂူမန်မန်၏ ဘေးမှာလာထိုင်ရင်း သူမ၏ မေးဖျားလေးကို ပင့်ကာ ပြောလိုက်သည်
“ မန်မန် ကိုယ် ဒေါသမီးတောက်ရဲ့ အတွင်းသတင်းတွေကို စုံစမ်းတွေ့ရှိတုန်းက အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခု တွေ့ထားတယ်”
“ ဟမ်” ဂူမန်မန်က လီရာ ဆက်ပြောမှာကို စောင့်နေသည်။
လီရာက စနိတ်ခ်ကို တစ်ချက်ကြည့်ရင်း ဆက်ပြောလိုက်သည်
“ ဒေါသမီးတောက်ဂိုဏ်းက ‘F’ နိုင်ငံရဲ့ အကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်းဆိုပေမဲ့ စီးပွားရေးအများစုကိုတော့ တစ်ခြားသူတွေက ထိန်းချုပ်ထားတာကို တွေ့ရတယ်။ ဒေါသမီးတောက်လိုမျိုး ဂိုဏ်းက တော်ဝင်မိသားစုရဲ့ လက်အောက်မှာလည်း မနေချင်သလို ဖြူစင်တဲ့ ပုံစံဟန်ဆောင်နေတဲ့ တော်ဝင်မိသားစုလည်း သူ့လက်အောက်မှာ မနေချင်ခဲ့ဘူး။ အဲဒါကြောင့် အချင်းချင်း ထိန်းချုပ်ထားကြတာ။ အခု ကိုယ်နဲ့ အဲလ်ဗစ်က ဒီဂိုဏ်းကို လက်လွှဲယူလိုက်ပြီဆိုတော့ ဒီနေရာက ကိုယ်တို့ ဂူမိသားစုရဲ့ လုပ်ငန်း ဖြစ်လာမှာလေ။ မင်းသားလေးကတော့ ကျတော်တို့ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကာကွယ်ပေးလိမ့်မယ် ဟုတ်တယ်မလား”