အခန်း (1517 - 1518)

355 44 1
                                    

အခန်း (၁၅၁၇) : မင်းက တကယ်ကို အချစ်ခံရတဲ့ပုံပဲနော်

လီရာ၏ ဆိုလိုရင်းက သိသာလှသည်။ အာနိုးက ကိုးလ်အတွက် အမှုထမ်းပြီး ကိုးလ် ခိုင်းသည့်အတိုင်း စန္ဒီအနား ချဉ်းကပ်လာခြင်း ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အာနိုးလည်း ဘာမှပြန်မပြောနိုင်တော့ပေ။

အစတုန်းကတော့ စန္ဒီအနားကို အကြံဖြင့် ချဉ်းကပ်လာသော်လည်း အခုတော့ စန္ဒီကို တကယ်ချစ်မိနေပြီ ဖြစ်သည်။

သို့သော် သူတို့နှစ်ယောက်လုံးကို အကုန်လုံးက စိတ်ဝင်စားနေကြသည်။ လီရာက သူထွက်မသွားခင် ဘာတွေအကွက်ချခဲ့လဲဆိုတာကို မသိသော်လည်း သူကတော့ အစိအစဉ်အတိုင်း စန္ဒီအနားကို သွားဖို့အတွက် ရွေးချယ်ခဲ့သည်။ ဒါကြောင့်ပဲ သူ အလွယ်တကူ ရုန်းထွက်လို့ မရပဲ ချုပ်မိနေခြင်းဖြစ်သည်။

အစတုန်းက အကြံအစည်အတိုင်း ချဉ်းကပ်လာသော်လည်း သူကိုယ်တိုင်ကလည်း စန္ဒီအနားမှာ နေချင်နေမိသည်။

အခုတော့ သူ့အကြံကြောင့် သူမအနားကပ်လာတယ်ဆိုတာကို ငြင်းလို့ မရသလို မြေခွေးဘုရင်၏ အမိန့်အတိုင်း နှင်းမြေခွေးမျိုးနွယ်စုအတွက်  တာဝန်တစ်စိတ်တစ်ပိုင်းကို ထမ်းဆောင်ပေးနေသည့် အကြောင်းကိုလည်း ငြင်းဆန်လို့တော့ မရနိုင်ပေ။

စန္ဒီနဲ့ အမြန်ဆုံးပါတနာတွေ ဖြစ်လာပြီး တမန်တော်နဲ့နှင်းမြေခွေးမျိုးနွယ်စုကြားက ဆက်ဆံရေး ပိုမိုခိုင်မာဖို့အတွက် သူ့ကလေးကို မွေးပေးစေချင်သည်။

တစ်ချိန်ထဲမှာ စန္ဒီအတွက် သူ့အချစ်က မှန်ကန်သည်။

ဒီကိစ္စနှစ်ခုကို ဆန့်ကျင့်မဲ့သူ မရှိဘူးဟု သူ ထင်ခဲ့သည်။

အခုတော့ သူ ဘာမှမပြောနိုင်တော့ပေ။

စန္ဒီက ဂူမန်မန်ကို အရမ်းဂရုစိုက်သည်။ သူမရဲ့ မိသားစုထဲမှာ ပထမ ပါတနာဘိုဒီနဲ့ သူမရဲ့နှလုံးသားကို အပိုင်စားရထားသော ကောလင်းတို့မှာတောင် မရှိတဲ့ နာမည်ပြောင်က ဂူမန်မန်မှာတော့ ရှိခဲ့သည်။

ထိုအချက်ကို ကြည့်ရုံနဲ့တင် သူက အချစ်ခံရသော်လည်း ဂူမန်မန်လောက် အရေးပါသူ မဟုတ်မှန်း အာနိုး သိလိုက်ရသည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now