အခန်း (1435 - 1436)

397 45 11
                                    

အခန်း (၁၄၃၅) : ကိုယ့်ရဲ့ အဖိုးတန်မန်မန်လေးကို အကြပ်ရိုက်အောင်လုပ်ခဲ့မိသာ ကိုယ့်အမှားပါကွာ

ဂူမန်မန် ခဏတွေဝေပြီးကာမှ ခေါင်းခါပြလိုက်သည်။

သူမအနေနဲ့တော့ ဂရက်ဂိုရီက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အများကြီး ရှိသူဟု မြင်မိသည်။

ဂူမန်မန်က စိတ်ရှုပ်ထွေးနေတာကြောင့် လီရာ၏ ပါးကို လိမ်ဆွဲကာ ပြောလိုက်သည်

“ အဲ့တာအားလုံး ရှင့်အမှားပဲ။ ဘာလို့ သူ့ကို အကွက်ချပြီးတော့ ကျမကို ကြိုက်လာအောင် လုပ်ရတာလဲ”

လီရာက ဂူမန်မန်ကို သူ့ရင်ခွင်ထဲမှာ လုပ်ချင်တာ လုပ်ခိုင်းထားသည်။ သူမ စိတ်ရှုပ်ထွေးနေသည့်အတွက် သူ စိတ်သက်သာရာရမိသည်။ သူမသာ ဂရက်ဂိုရီကို ဝမ်းပန်းတသာဖြင့် လက်ခံပါက သူ တကယ် စိတ်မကောင်းဖြစ်မိမှာ သေချာသည်။

တစ်ခါတစ်လေ လီရာ ကိုယ့်ကိုယ်ကို အရမ်းသနားစရာကောင်းသည်ဟု ထင်မိသည်။ ဂရက်ဂိုရီကို သူကိုယ်တိုင်ပဲ ဂူမန်မန်ကို သဘောကျအောင် လုပ်ခဲ့ပြီးမှ အခု သူစီစဉ်ထားတဲ့အတိုင်း ဂရက်ဂိုရီက ဂူမန်မန်ကို ချစ်လာတော့လည်း သူပဲ စိတ်မချမ်းသာ ဖြစ်နေပြန်သည်။

ဂရက်ဂိုရီ မိသားစုထဲဝင်ဖို့ ဂူမန်မန်ကို အတင်းလက်ခံခိုင်းနေတာက သူကိုယ်တိုင် ဖြစ်သော်လည်း သူမသာ လက်ခံလိုက်ပါက စိတ်မကောင်းဖြစ်မိသူကလည်း သူကိုယ်တိုင်ပင် ဖြစ်နေပြန်သည်။

ဒီလိုမျိုး ခံစားချက်တွေရှုပ်ထွေးနေသည့်အတွက် ရူးတော့မည်ဟုပင် လီရာ သူ့ကိုယ်သူ ထင်မှတ်မိသည်။

“ အင်းပါ….ကိုယ့်ကို အပြစ်တင်ပါ….” လီရာက ဂူမန်မန်၏ လက်လေးကို ဆုပ်ကိုင်ထားရင်း လက်ဖမိုးလေးပေါ် အနမ်းခြွေလိုက်သည်။

ထို့နောက် ဆက်ပြောသည်

“ ကိုယ့်ရဲ့အဖိုးတန် မန်မန်လေးကို အကြပ်ရိုက်အောင် လုပ်မိတာ ကိုယ့်အမှားပါကွာ”

ဂူမန်မန်က လက်ကို ပြန်ရုတ်ကာ ခေါင်းယမ်းရင်း ပြောလိုက်သည်

“ ဒီကိစ္စ ဂရက်ဂိုရီကို ပြောမပြနဲ့ဦးနော်။ ကျမ စဉ်းစားဖို့ အချိန်လိုအပ်သေးတယ်…..တစ်ခြားနည်းလမ်းရှိရင် သူ့ကို ဆွဲမထားပဲ နေရအောင်”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now