အခန်း (1713-1714)

257 33 0
                                    


အခန်း (၁၇၁၃) : အဖေရဲ့ ကြီးမြတ်လှတဲ့ ချစ်ခြင်းတွေကို ပြသဖို့ အချိန်ရောက်လာပြီ ထင်တယ်

အမျိုးသားလေးယောက်က အချိန်တိုအတွင်း မောင်းထုတ်ခံလိုက်ရသည့်အတွက် တောအုပ်ထဲမှာ သူတို့၏ သဘာဝပုံစံအတိုင်း နေနေကြသည်။

ဂူမန်မန်က နောက်လှည့်ကာ ထိုအမျိုးသားကို ကြည့်ပြီး မေးလိုက်သည်

" ဒီလိုနေ့မျိုးရှိလာမယ်ဆိုတာကိုသာ သိရင် ဝမ်စုယွင်ကြောင့် ကျမနဲ့ အမေကို စွန့်ပစ်ဖို့ ရွေးချယ်ဦးမှာပဲလား"

ထိုအမျိုးသားက ခေါင်းယမ်းပြကာ ပြတ်သားသည့်ပုံစံဖြင့် ပြန်ဖြေလိုက်သည်

" စွန့်မပစ်ပါဘူး အဖေရဲ့ အဖိုးတန်သမီးလေးရယ်။ သမီးက အဖေရဲ့ အချစ်ရဆုံးသမီးပဲလေ။ အဲဒီအပျက်မ ဝမ်စုယွင်သာ အဖေကို ကိုယ်ဝန်နဲ့သာ အကြပ်မကိုင်ခဲ့ဘူးဆိုရင် သမီးတို့ကို ဘယ်လိုလုပ်ပြီးတော့ စွန့်ပစ်နိုင်ပါ့မလဲ ... ပြီးတော့ ဒီနှစ်တွေထဲမှာ အဖေ အတော်လေး နောင်တရခဲ့ပါတယ်။ ဒါပေမဲ့ သမီးရဲ့အမေဆီမှာလည်း ကိုယ်ပိုင်မိသားစုလေး ရှိနေပြီလေ။ အဖေက သူမကို တစ်ခါ ထိခိုက်အောင် လုပ်ပြီးပြီဆိုတော့ ဘယ်လိုလုပ်ပြီးတော့ သူမရဲ့ဘဝကို နောက်ထပ်တစ်ခါ ထပ်ပြီးတော့ နှောင့်ယှက်လို့ ဖြစ်ပါတော့မလဲ"

" သမီးကိုကျတော့....ဟင်း.....အဖေ ရှက်လို့ သမီးကို လာမရှာရဲခဲ့ဘူး ... သမီး သိမှာမဟုတ်ပေမဲ့ နှစ်တိုင်း သမီးရဲ့မွေးနေ့ရောက်ရင် သမီးအကြိုက်ဆုံးဖြစ်တဲ့ စတော်ဘယ်ရီကိတ်လေးကို ဝယ်ပြီးတော့ သမီးရဲ့အသက် အရေအတွက်အတိုင်း ဖယောင်းတိုင်လေးတွေ စိုက်ပြီးတော့ တစ်ယောက်ထဲ မွေးနေ့ဂုဏ်ပြုသီချင်း ဆိုနေခဲ့တာ"

" ဟက်ပီဘတ်ဒေး တူးယူ ... ဟက်ပီဘတ်ဒေး တူးယူ ... ဟက်ပီဘတ်ဒေး မန်မန်လေး....ဟက်ပီဘတ်ဒေး တူးယူ....."

" ကျမရဲ့ မွေးနေ့က ဘယ်နေ့လဲ" ဂူမန်မန်က ကြားဖြတ်မေးလိုက်သည်။

ထိုအမျိုးသားက ဂူမန်မန် အခုလိုမျိုး မေးလာမည်ဟု ထင်မထားသည့်အတွက် ရုတ်တရက် ကြောင်အသွားရသည်။

သူ့စိတ်ထဲမှာလည်း ပျာယာခတ်သွားသည်။

သူ့ကို စွပ်စွဲနေတာတွေကို ဖြေရှင်းဖို့အတွက် တစ်ခြားနည်းလမ်းတွေက ပိုမကောင်းဘူးလား။ တစ်ခြားနည်းလမ်းတွေအစား ဘာလို့ မွေးနေ့အကြောင်းကို ပြောလိုက်မိရတာလဲ

ရှောင်မန် (1395 - final) CompletedDonde viven las historias. Descúbrelo ahora