အခန်း (1733 -1734)

562 39 1
                                    


အခန်း (၁၇၃၃) : ရှင်က ဒါတွေကိုတောင် မှတ်မိတာလား

ဂရက်ဂိုရီ၏ လေးလေးနက်နက် အကြည့်ကြောင့် ဂူမန်မန် ရင်ခုန်မိသည်။

သူမ ပေါက်ကရ လုပ်တာတွေကိုပါ အကုန်မှတ်ထားပေးသောကြောင့် တန်ဖိုးထားခံရသည်ဟု ခံစားရသည်။

" ရှင်က အဲဒါတွေကိုတောင် မှတ်မိတယ်လား"

ဂရက်ဂိုရီက သူမ၏ လက်လေးတွေကို ဆုပ်ကိုင်ကာ အနမ်းခြွေရင်း ပြောလိုက်သည်

" ကိုယ် တောင်ပေါ်မှာနေတဲ့ နှစ်ပေါင်းတစ်ထောင်လုံးထဲမှာ ကိုယ့်ကို ရှေ့ဆက်နိုင်အောင် ကူညီပေးခဲ့တာက မင်းနဲ့ ခုနစ်ရက်တာ အတူကုန်ဆုံးခဲ့တဲ့ အမှတ်တရတွေပဲ။ မြင်ကွင်းတိုင်းက ကိုယ့်ခေါင်းထဲမှာ ထပ်ခါထပ်ခါ ပြန်ပြီးမြင်ယောင်နေတာဆိုတော့ ကိုယ် ဘယ်လိုလုပ်ပြီးတော့ မေ့နိုင်ပါ့မလဲ။ ပြီးတော့ အဲဒါတွေက မင်းနဲ့ပတ်သက်နေတဲ့ အရာဖြစ်တော့ ကိုယ် တကူးတက ပြန်မှတ်မိဖို့ မကြိုးစားရင်တောင် မေ့လို့ မရတဲ့အရာတွေပဲ"

နေက ဖြည်းဖြည်းချင်း မြင့်တက်လာသည့်အတွက် အလင်းတန်းများက သစ်ရွက်များကို ဖြတ်သန်းကာ ဂရက်ဂိုရီ ပေါ်သို့ ကျရောက်နေသည်။ တောထဲမှာ မြူအချို့လည်း ရှိတာကြောင့် သူ့ကို ပိုပြီးကြည့်ကောင်းအောင် လုပ်ပေးသလို ဖြစ်နေသည်။

ဂူမန်မန်က သူ့ကို စိုက်ကြည့်နေမိသည်။

သူ ပထမဆုံးဆာရူဒါကို ရောက်လာတုန်းက လီရာတောင် သူ့ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်မှု လျော့နည်းသွားခဲ့တာကို သူမ မှတ်မိသေးတယ်

ငှက်တွေက ကုန်းနေသားရဲတွေထက် ရုပ်ရည်ပိုပြီး ကြည့်ကောင်းတယ်ဆိုပေမဲ့ ငှက်မျိုးနွယ်ထဲမှာမှ လင်းတမျိုးနွယ်စုက အချောဆုံးပဲတဲ့

သူမက ကုန်းနေသားရဲတွေကို မြင်ပါများလို့ မကြိုက်တော့ပဲ ဂရက်ဂိုရီရဲ့ တည်ရှိမှုက 'ရှားပါးလို့ တန်ဖိုးရှိတယ်'ဆိုတာမျိုး ဖြစ်နေလို့ သူမ တန်ဖိုးထားမှာကို လီရာ စိုးရိမ်နေခဲ့တာ

အဲဒီမာယာများတဲ့ မြေခွေးက သူ့အလှအပသာ မရှိတော့ရင် သူမ စိတ်ပြောင်းသွားမှာကို တကယ်ကြောက်နေခဲ့တာ

ရှောင်မန် (1395 - final) CompletedDonde viven las historias. Descúbrelo ahora