အခန်း (1465 - 1466)

358 46 3
                                    

အခန်း (၁၄၆၅) : မျက်နှာထားက ရင်းနှီးနေတယ်

ဂရက်ဂိုရီကလည်း ထွက်မသွားခင် အဲလ်ဗစ်နဲ့လီရာတို့လိုမျိုး သူမကို နမ်းသွားချင်သော်လည်း သူက အစောင့်အရှောက် သားရဲတစ်ကောင်ဖြစ်သည့်အတွက် အဲ့လိုလုပ်ခွင့် မရှိမှန်း သူ ကောင်းကောင်း သိသည်။

အပူချိန်နည်းတာကို အကြောင်းပြပြီး သူမကို ဖက်ရတာနဲ့တင် ဆုလာဘ်တစ်ခုလို ခံစားနေရပြီ ဖြစ်သည်။

သူတို့ မြေပြန့်ကို ပြန်ရောက်တဲ့အခါ ဒါမှမဟုတ် သူမရဲ့ပါတနာ တစ်ယောက်ယောက်သာ ဒီနေရာမှာ ရှိနေပါက အစောင့်အရှောက် သားရဲအဆင့်သာရှိသော သူက သူမကိုဖက်ဖို့ အခွင့်အရေး ရှိလာမည် မဟုတ်ပေ။

သူတို့အတူတူ အချိန်ကုန်ဆုံးဖို့အတွက် လေးရက်သာ ကျန်ရှိတော့သလို အခု သူ့အနေနဲ့ ဒီတာဝန်တွေကို ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးရဦးမည်။

မကျေနပ်သော်လည်း ရွေးချယ်ခွင့် မရှိပေ။

သူမကို တင်းကြပ်စွာဖက်ထားရင်း ပြောလိုက်သည်

“ ကိုယ် ပြန်လာတာကို စောင့်နေနော်”

“ အင်းပါ” ဂူမန်မန်က ချက်ချင်း ပြန်ဖြေလိုက်သော်လည်း တစ်ခုခုကို စဉ်းစားမိပြီး ရယ်ချင်နေမိသည်။

ဒီနေရာက ဘယ်လောက်မြင့်လဲဆိုတာ မသိသော်လည်း ဒီနေ့ခုန်ချလျှင်တောင် နောက်နေ့အထိ မြေပြင်ပေါ် ရောက်နိုင်မည် မဟုတ်ပေ။

သူမ မသေချင်ရင် ရွေးချယ်စရာမရှိပဲ သူ ပြန်လာတာကို စောင့်ရမည် ဖြစ်သည်။

ဂရက်ဂိုရီက ပြဿနာတွေကို မြန်မြန်ဖြေရှင်းချင်တာကြောင့် ဂူမန်မန်ကို သားရေဖြင့် ပတ်ပေးကာ သူမကိုဖက်လိုက်ပြီးနောက် ထွက်သွားသည်။

ဂရက်ဂိုရီ တောင်ပံကိုဖြန့်ကာ ပျံသန်းထွက်ခွာတာကိုကြည့်ရင်း ဂူမန်မန် ပြုံးလိုက်မိသည်။

သူက တကယ်ချောတာပဲ

သူထွက်သွားပြီး နေ့ဝက်ရှိပြီ ဖြစ်သည်။

ဂရက်ဂိုရီ သူမ အနားမှာ ရှိနေတုန်းက အခုလို မခံစားရသော်လည်း ရုတ်တရက် သူမ တစ်ယောက်ထဲဖြစ်သွားတော့ အသားမကျဖြစ်နေသည်။

ရှောင်မန် (1395 - final) CompletedKde žijí příběhy. Začni objevovat