အခန်း (၁၇၀၁) : မင်း ဆာရူးဂါကို မှတ်မိလား
" ကိုယ် လုပ်ခဲ့တယ်လေ" လီရာက ဂူမန်မန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်
" မင်း ဆာရူးဂါကို မှတ်မိလား"
ဂူမန်မန်လည်း တွေးကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
သားရဲကမ္ဘာရှိ နာမည်များက အနောက်တိုင်း အရမ်းဆန်တာကြောင့် အရမ်းရင်းနှီးသောသူတွေကလွဲလျှင် တစ်ခြားနာမည်တွေကို ဂူမန်မန် သေချာ မမှတ်နိုင်ပေ။
အကြိမ်ရေအနည်းငယ်သာ တွေ့ဖူးပါက မှတ်မိဖို့ မဖြစ်နိုင်ပေ။
သို့သော် ဆာရူးဂါကတော့ ခြွင်းချက်ဖြစ်သည်။ သူတို့တစ်ခါပဲတွေ့ဖူးသော်လည်း ထိုနာမည်က ဂူမန်မန် မှတ်မိလောက်အောင် ထူးခြားနေပုံရသည်။
" မင်း သူ့ကိုခြောက်လှန့်ဖို့အတွက် မင်း ဘာပြောခဲ့လဲဆိုတာကိုရော မင်း မှတ်မိသေးလား" လီရာက ချိုသာစွာပြုံးရင်း မေးလိုက်သည်။
ဂူမန်မန်က အကြာကြီးစဉ်းစားပြီးနောက် ခေါင်းယမ်းပြလိုက်သည်။
သူမ မှတ်မိတာက သားရဲကမ္ဘာကို ရောက်ပြီးနောက် ပထမဆုံးဆောင်းရာသီ မရောက်ခင် ဆာရူးဂါက သူမကို တိုက်ခိုက်ဖို့ လုပ်ခဲ့သလို နဇိုင်းရယ်ရှိ စစ်သည်အများစုကိုပါ ထိခိုက်စေခဲ့သည်။
ထို့နောက် သူ့ကို အဲလ်ဗစ်နဲ့ လီရာတို့က ထိန်းသိမ်းထားလိုက်ကြသည်။
သူမ သူ့ကို ခြောက်လှန့်ခဲ့လို့လား
မဟုတ်ဘူး...မလား
လီရာက နွေးထွေးစွာ ပြုံးပြရင်း ပြောလိုက်သည်
" သူက မင်းရဲ့ သားရေအဝတ်ကို ဖျက်ဆီးခဲ့တော့ အဲဒီအဝတ်က မင်းရဲ့ အမေကို သားရဲနတ်ဘုရားက ပေးခဲ့တာဆိုပြီးတော့ လိမ်ခဲ့တာလေ။ အဲဒီ သားရေအဝတ်ကို မင်းရဲ့အမေက ပြန်ပေးထားတာမလို့ အရမ်းအဖိုးတန်တယ်လို့ ပြောခဲ့တယ်လေ။ ဒါကြောင့် ကိုယ်က အရေခွံခွာတဲ့ နေရာမှာတော်လို့ မင်းရဲ့ ဆုံးရှုံးမှုကို လျော်ကြေးပေးတဲ့အနေနဲ့ သူ့ကို မသတ်ပဲနဲ့ အရေခွံခွာပေးခဲ့တာလေ"