အခန်း (1475 - 1476)

373 49 3
                                    

အခန်း (၁၄၇၅) : ရိုသေစွာ တုံ့ပြန်ခြင်း

ဂူမန်မန်က ခဏလောက် ကြောင်အသွားပြီးမှ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

ဂရက်ဂိုရီက ထိုကဲ့သို့ ရိုမတ်တစ်ဆန်သော စကားတွေကို ရုပ်တည်ကြီးဖြင့် ပြောနေပုံက အရမ်းထူးခြားပြီး ရယ်စရာ ကောင်းနေသည်။

“ အဲ့လိုစကားအသုံးအနှုန်းကို  မင်းတို့ကမ္ဘာမှာ ‘ရိုသေစွာ တုံ့ပြန်ခြင်း’လို့ ခေါ်တယ်ဆိုပြီး မင်း ပြောခဲ့တယ်မလား” ဂရက်ဂိုရီက ဂူမန်မန် ရူးကြောင်ကြောင်နိုင်စွာ ရယ်မောနေခြင်းကို ဂရုမစိုက်ပဲ ပြောလိုက်သည်။ သူမ ဘာပဲလုပ်လုပ် သူ့မျက်လုံးထဲမှာတော့ အမြဲတမ်း ချစ်ဖို့ကောင်းသည်။

ဂူမန်မန်က သူ မေးတာကို ပြန်ဖြေသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဂရက်ဂိုရီက ငုံ့ကြည့်ကာ ခပ်ဖွဖွရယ်ရင်း ပြောလိုက်သည်

“ အဲ့ဒီစကားအသုံးအနှုန်းက ကောင်းတယ်လို့ထင်တယ်။ ကိုယ် သဘောကျတယ်”

ဂူမန်မန်ကတော့ ဂရက်ဂိုရီကို နားမလည်နိုင်စွာဖြင့် ကြည့်နေသည်။

ဂရက်ဂိုရီက တွေဝေစွာဖြင့် ပြန်ဖြေလိုက်သည်

“ ကိုယ်က မင်း သဘောကျမဲ့ လက်ဆောင်ပေးခဲ့တယ်လေ။ မင်းလည်း ကိုယ့်ကို ပိုပြီးပျော်ရွှင်အောင် လုပ်ပေးမဲ့ လက်ဆောင်တစ်ခု ပေးသင့်တယ် မဟုတ်လား”

ဂူမန်မန်က ခြုံထားသော သားရေကို ဖယ်ကာ ပြောလိုက်သည်

“ ရှင်လည်း သိမှာပါ ကျမမှာ ဘာမှမရှိဘူးလေ။ အဲ့တာကြောင့် ကျမ ရှင့်ကို လက်ဆောင် မပေးနိုင်သေးဘူး။ ဒါပေမဲ့ ကျမ မှတ်ထားပြီးတော့ တောင်အောက်ကို ရောက်တာနဲ့ လက်ဆောင် ပြင်ဆင်ပေးမယ်လေ ဘယ်လိုလဲ”

ဂရက်ဂိုရီက ခေါင်းယမ်းကာ ပြောလိုက်သည်

“ ကိုယ်က အခု လိုချင်တာ”

“ ဒါပေမဲ့ အခု ကျမမှာ ဘာမှမရှိဘူးလေ” ဂူမန်မန်က ပုခုံးကိုတွန့်ပြရင်း ပြောလိုက်သည်။

“ မင်းဆီမှာ ရှိပါတယ်” ဂရက်ဂိုရီက သေချာစွာပြောလိုက်သည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now