အခန်း (၁၄၉၃) : ဂရက်ဂိုရီ ပြောခဲ့တာမှန်တယ်….သူပြန်လာမှာတဲ့
သားရဲနတ်ဘုရားကတော့ ထုံးစံအတိုင်း သူမကို အပြုံးဖြင့် ဆီးကြိုနေသည်။ သူမ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မကောင်းသော်လည်း အားတင်းပြုံးကာ သားရဲနတ်ဘုရားကို ဖက်ရင်း ပြောလိုက်သည်
“ ဒယ်ဒီ သမီး ပြန်လာပြီ”
“ ဒယ်ဒီရဲ့ နတ်သမီးလေး…..အရမ်းတော်တာပဲ။ အခုဆို တောင်ပံလေးတောင် ရှိနေပြီ” သားရဲနတ်ဘုရားက စနောက်နေသည်။
ဂူမန်မန် ငိုချင်သော်လည်း မော့တိုတောင်မှာ အရမ်းငိုခဲ့သည့်အတွက် ကျစရာမျက်ရည်ပင် မရှိတော့ပေ။ မျက်လုံးတွေလည်း ကျိန်းစပ်နေသည်။
“ သမီး မော့တိုတောင်ပေါ်မှာ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ သိရဲ့သားနဲ့ အခုလိုမျိုးတွေပြောနေတာ သမီးကို ထပ်ပြီးတော့ နာကျင်ခံစားစေချင်လို့လား။ အဖေက သမီးရဲ့အဖေအရင်း ဟုတ်ရဲ့လားဆိုတာတောင် သံသယ ဝင်လာပြီ….”
သားရဲနတ်ဘုရားက ခပ်ဖွဖွ ရယ်ရင်း ဂူမန်မန်ကို ပုခုံးကနေ ကိုင်ကာ နှစ်ယောက်ထိုင်ခုံဆီသို့ ဦးဆောင်ခေါ်သွားသည်။
ထို့နောက် သူက ရယ်ရင်း ပြောလိုက်သည်
“ ဒီနေရာကို ကြည့်ပါဦး တစ်ခုခု ပြောင်းလဲသွားတယ်လို့ မထင်ဘူးလား”
ဂူမန်မန်က ပတ်ဝန်းကျင်ကို အရင်ဆုံး လှည့်ပတ်ကြည့်ရှုလိုက်သည်။ ခုံပတ်လည်တွင် ပေါက်ရောက်နေသော မြက်တွေပိုပြီး များပြားလာသည်ကို တွေ့ရသည်။ သူမ အိပ်မက်ထဲကို စတင် ဝင်ရောက်ချိန်မှလွဲ၍ အဖြူရောင် မြူခိုးတွေကို မတွေ့ရတော့ပေ။ ကျောက်စိုင်တွေရဲ့ ဝိညာဉ်ကို ယူဆောင်ပြီးပါက အချိန်နဲ့နေရာတွေရဲ့ တံခါးပွင့်တော့မှာ ဖြစ်တာကြောင့် ဒီနေရာကလည်း ပြည့်စုံခါနီးနေပြီဟု ပြောလို့ရသည်။
ကြမ်းပြင်မှာ မြက်ပေါက်ရောက်သော နေရာတိုးလာတာက လွဲလျှင် တစ်ခြား ထူးခြားသော ပြောင်းလဲမှုကို ဂူမန်မန် ပြောမပြနိုင် ဖြစ်နေသည်။
သားရဲနတ်ဘုရားက အနီးနားရှိ မြက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်