အခန်း (၁၇၁၁) : ရှင့်ရဲ့ 'သားအဖ'ဆိုတဲ့ စကားက ဈေးပေါလွန်းတယ်...ကျမ မလိုချင်ဘူး
" ရှင် ဝမ်စုယွင်ကို နေရာပေးဖို့အတွက် ကျမရဲ့ အမေကို ကွာရှင်းဖို့ ဖိအားပေးတုန်းက ကျမအမေရဲ့ ခေါင်းကို အရက်ပုလင်းနဲ့ ရိုက်ခွဲလိုက်တယ်လေ... အဲဒီတုန်းက ဘာလို့ အခုလိုမျိုး မစဉ်းစားခဲ့ရတာလဲ။
ရှင်နဲ့ ကျမရဲ့အမေ ခုနစ်လွှာကနေ ပထမအလွှာကို ရောက်တဲ့အထိ ရန်ဖြစ်နေတဲ့အချိန်တုန်းက ဘာလို့ အဲလိုမျိုး မစဉ်းစားခဲ့ရတာလဲ။ လေးနှစ်....ရှင် အမေနဲ့ ကွာရှင်းခဲ့တုန်းက ကျမအသက် လေးနှစ်ပဲ ရှိသေးတာ။
ကျမက သားယောက်ျားလေး မဟုတ်လို့ဆိုပြီးတော့ ကျမကို အပြစ်တွေ တင်နေခဲ့တာလေ။
ကျမရဲ့ အမေက နှစ်ပေါင်းများစွာ ကျမကို ပျိုးထောင်လာခဲ့ပေးတာ။ ကျမက ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာတော့ ပထွေးက အမေကို အခက်တွေ့အောင် လုပ်တယ်။ ရှင်ကလည်း ကလေးထောက်ပံ့ကြေး ဒေါ်လာ ၅၀၀ကို မပေးချင်ခဲ့တဲ့အတွက် ကျမကို ပထွေးရဲ့မိသားစုက နောက်ကွယ်မှာ သူတောင်းစားမလေးကို အမြဲခေါ်နေခဲ့တာ။
ကျမရဲ့ ပထွေးက အတန်းရန်ပုံငွေအတွက် ပိုက်ဆံ မပေးလို့ ရှင့်ဆီကနေ အရှက်မရှိ တောင်းခံဖို့အတွက် ရှင့်အိမ်တံခါးကို ခေါက်ဖို့ ဘယ်လောက်ထိ သတ္တိမွေးခဲ့ရလဲဆိုတာကို သိလား။
ဒါပေမဲ့ ရှင် ကျမကို ဘယ်လိုတုံ့ပြန်ခဲ့လဲ ...
ဝမ်စုယွင်က ကျမကို ရိုက်နှက် ပြောဆိုနေတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေခဲ့ပြီးတော့ ရှင့် 'မိန်းမ'ကို မလေးစားလို့ ဆိုပြီးကျမကို အပြစ်တင်တယ်။ သူ့ကို 'အမေ'လို့ မခေါ်လို့တဲ့လေ။
အခု ရှင်က ကျမဆီမှာ ရှင့်အသက်ကို ကယ်ဖို့အတွက် တောင်းဆိုစရာရှိလာတော့မှ ကျမကို အမှတ်ရတာမလား
အခု ဝမ်စုယွင်က အသက်ကြီးပြီး ဆွဲဆောင်မှု မရှိတော့လို့ ရှင့်ရဲ့ 'မိန်းမ'လည်း မဟုတ်တော့သလို 'အချစ်စစ်'လည်း မဟုတ်တော့တာလား
အာ...ပြီးတော့ ရှင့်ရဲ့ 'သားအဖ'ဆိုတဲ့စကားက အရမ်းဈေးပေါလွန်းတယ်။ ကျမ မလိုချင်ဘူး...အဲဒါကြောင့် ရှင် ဟန်ဆောင်နေတာကို ရပ်လိုက်ပါတော့ ရွံဖို့ကောင်းလို့ပါ"