အခန်း (1505 - 1506)

365 42 3
                                    

အခန်း (၁၅၀၅) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင်စီနီယာ

ဂူမန်မန် ခေါင်းညိတ်ပြတော့မှ စနိတ်ခ်က ကျေနပ်စွာဖြင့် သူမရဲ့လက်လေးကို နမ်းကာ ပြောလိုက်သည်

“ ကိုယ်က မင်း မြင်ပဲမြင်ရပြီး ထိလို့မရတဲ့ လမင်း မဟုတ်ဘူးနော်။ ကိုယ်က မင်းရဲ့ချစ်သူ….ကိုယ်က မင်းလုပ်ခိုင်းတာ ဘာမဆို လုပ်ပေးမှာ။ ကိုယ့်မှာ မင်းကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်။ မင်းကို ကိုယ့်ဘေးမှာ ထားချင်တယ်ဆိုတာ ကိုယ့်ကို လက်လွှတ်ဖို့ မဟုတ်ဘူးနော်။

မင်းကိုယ် မင်း လျှော့မတွက်ပါနဲ့။ မင်းက ကိုယ့်ဘဝရဲ့အမဲစက် မဟုတ်ပါဘူး။ မင်းက ကိုယ့်ဘဝတစ်ခုလုံးပဲ။ အဲတာကြောင့် ကိုယ့်ကိုထားပြီးတော့ ထွက်သွားမယ်ဆိုတဲ့ စကားကို မပြောပါနဲ့ နားလည်လား။ လမ်းခွဲတာနဲ့ပတ်သက်ပြီး နောက်ထပ် မကြားချင်ဘူး။ အဲဒါကြောင့် စဉ်းတောင် မစဉ်းစားနဲ့နော်”

“ ဒါပေမဲ့…..”

စနိတ်ခ်က အံကြိတ်ကာ သူမနဲ့အကြည့်ချင်း ဆုံရင်း ပြောလိုက်သည်

“ ဒါပေမဲ့ဆိုတာ မရှိဘူး။ ကိုယ်ကတော့ မင်းကို ထားမသွားဘူး။ မင်းလည်း ကိုယ့်ကို မသေစေချင်ရင် ထားမသွားနဲ့နော်”

ဂူမန်မန်က သူ ပြောတာ နားထောင်နေရင်း ပြုံးလိုက်သည်။

သူမရဲ့အပြုံးကို မြင်လိုက်ရမှ စနိတ်ခ်လည်း ပိုပြီးတော့ နေလို့ကောင်းသွားသည်။

အရာအားလုံး ပြီးသွားပြီ

တစ်ယောက်ယောက် သူ့ကို သစ္စာဖောက်ရဲရင်…မဟုတ်သေးဘူး…သစ္စာဖောက်တာတောင် မဟုတ်သေးဘူး သူ့ကို ပြန်ပြောရဲရင် အဲဒီသူက ဖြစ်လာမဲ့ အကျိုးဆက်ကိုလည်း ကြိုတင်တွက်ဆထားဖို့ လိုတယ်

သို့သော် ဂူမန်မန်ကတော့ ခြွင်းချက် ဖြစ်သည်။ သူမ ပြုံးပြီး စကားကောင်းကောင်း ပြောနေတာဖြစ်ဖြစ် သူ့ကို မျက်စောင်းထိုးနေတာပဲ ဖြစ်ဖြစ် စနိတ်ခ် ခွင့်လွှတ်သည်။

“ မင်း ဘာတွေပြုံးနေတာလဲ” စနိတ်ခ်က ဂူမန်မန်၏ နှာခေါင်းလေးကို တို့ကာ မေးလိုက်သည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now