အခန်း (၁၃၉၇) : ဘာလဲ…မင်းက နောင်တရနေတာလား
“ ဘာလဲ…မင်းက နောင်တရနေတာလား” လီရာက သူမကို စိုက်ကြည့်ကာ မေးလိုက်သည်။
သူ့အပြုံးတွေမှာတော့ ‘နောင်တရတယ်လို့ ပြောရင် အသေပဲ’ဆိုသော အဓိပ္ပာယ်တွေ ပါဝင်နေသည်။
ဂူမန်မန် ဘာမှပြန်မပြောရသေးခင် စန္ဒီ၏ ဝံပုလွေပါတနာခုနှစ်ယောက်ကတော့ ကြောက်ဒူးတုန်နေကြသည်။ ဂူမန်မန်ရဲ့ စကားတွေလည်း လည်ချောင်းထဲမှာတင် ရပ်တန့်သွားကာ အဲလ်ဗစ်နဲ့ လီရာကို တွေတွေကြီး စိုက်ကြည့်နေမိတော့သည်။
စန္ဒီက ပြုံးပြကာ ဂူမန်မန်ကို တံတောင်ဖြင့် တွတ်လိုက်ရင်း ပြောသည်
“ နင့်အမျိုးသားတွေက ဘယ်လောက်ထိ သဝန်တိုတတ်လဲဆိုတာ နင်မသိဘူးလား။ သူတို့ကို ပြေရာပြေကြောင်း ပြောရင်ပြော ဒါမှမဟုတ် နင့်ရဲ့အမျိုးသမီးအာဏာကို ထုတ်ပြလိုက်တော့လေ”
ဂူမန်မန်က နဖူးကိုကိုင်ရင်း ပြောလိုက်သည်
“ ဘာ အမျိုးသမီးအာဏာလဲ။ ငါက ငကြောက်ဆိုတာ နင်မသိဘူးလား”
စန္ဒီက ရယ်ကာ ပြောလိုက်သည်
“ ဒါဆိုလည်း သူတို့ကို မြန်မြန် ချော့လိုက်လေ။ မဟုတ်ရင် ဟော်ဆန်တို့ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး”
ဂူမန်မန်လည်း မတတ်သာတော့ပဲ ပြုံးပြကာ လီရာနဲ့ အဲလ်ဗစ်တို့၏ လက်ကိုကိုင်ကာ ပြောလိုက်သည်
“ စန္ဒီရဲ့ ပါတနာတွေကို ဘာလို့ ခြောက်လှန့်နေရတာလဲ။ သူတို့တွေက ကျမကို ဘယ်တုန်းကမှ ဖွင့်မပြောဖူးပါဘူး။ ကျမမှာ ရှင်တို့နှစ်ယောက် ရှိပြီးသားလေ။ တစ်ခြားသူရှာဖို့ အချိန် ရပါ့မလား။ ကျမရဲ့ သက်တောင့်သက်သာဖြစ်နေတဲ့ဘဝကို ကျမကိုယ်တိုင် ဖျက်စီးမယ်လို့များ ထင်နေကြတာလား”
အဲလ်ဗစ်က သားရဲအရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်မှ ဝံပုလွေခုနစ်ကောင်လည်း မတ်တပ်ထနိုင်တော့သည်။ ကောလင်းက စန္ဒီကို ချီမရင်း ပြောလိုက်သည်
“ ကိုယ်တို့ နေပူဆာလှုံရအောင်။ မင်း ဒီထဲမှာပဲ တစ်သက်လုံး ပုန်းနေလို့ မရဘူးလေ။ ကိုယ်တို့က သူနဲ့မင်းကို အချင်းချင်း မတွေ့အောင် ကာပေးထားမှာပါ ဟုတ်ပြီလား”