အခန်း (၁၅၂၇) : ရှင် ပြန်လည်ရှင်သန်လာတာလား
ဝါဘယ်က ရယ်ရင်း ပြောလိုက်သည်
“ ငါက ဒီနာမည်ပြောင်ကို မကြိုက်ပေမဲ့လည်း ငါက ချီးထုပ်လေးလည်း ဟုတ်တယ်။ ဝါဘယ်လည်း ဟုတ်တယ်။ ဒါပေမဲ့ မင်းက ငါ့ရဲ့တစ်ခြား အခေါ်အဝေါ်တစ်ခုကို မေးနေတာ ထင်တယ်…..မော့တိုတောင်ပေါ်မှာ ရခဲ့တဲ့ အခေါ်အဝေါ်တစ်ခုလေ”
“ ရှင်က…..” ဂူမန်မန်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည် “ ဝေးလ်စ်လား”
ဝါဘယ်က မျက်ခုံးကို ပင့်တင်ပြကာ ခေါင်းညိတ်ပြလိုက်သည်။
“ ရှင် ပြန်လည် ရှင်သန်လာတာလား” ဂူမန်မန်၏ မျက်နှာမှာ အံ့ဩမှုတွေနဲ့ ပြည့်နှက်နေသည်။ ဒီသတင်းအပိုင်းအစလေးက သူမကို ထိတ်လန့်စေသည်။
ဝေးလ်စ် အသက်ပြန်ရှင်လာမည်ဟု ဂရက်ဂိုရီက ပြောခဲ့သလို သားရဲနတ်ဘုရားကလည်း ပြောပြခဲ့သည်။ သူမကလည်း ဒီအရာကို ယုံကြည်နေခဲ့သည်။
သို့သော် နှစ်ထောင်ပေါင်းများစွာက သေသွားသောသူက တကယ် သူမ မျက်စိရှေ့သို့ ရောက်လာချိန်မှာတော့ သူမ စိတ်လှုပ်ရှားနေမိသည်။
ဝါဘယ်က ဂူမန်မန် မေးတာကို သေချာစဉ်းစားရင်း ဖြေလိုက်သည်
“ အခု ငါ့အခြေအနေနဲ့ဆိုရင်တော့….ပြန်လည် ရှင်သန်လာတာလို့တော့ ပြောလို့မရဘူး။ အများဆုံးဆိုရင် ပြန်လည် နိုးထလာတာလို့ပဲ ပြောလို့ရမယ်”
ဂူမန်မန်က မျက်မှောင်ကြုတ်ကာ စိတ်ပူစွာဖြင့် မေးလိုက်သည်
“ ချီးထုပ်လေးကရော….ရှင်သာ အပြည့်အဝ ပြန်လည်ရှင်သန်လာမယ်ဆိုရင် ချီးထုပ်လေးကရော ပျောက်ကွယ်သွားမှာလား”
ဝါဘယ်….မဟုတ်သေးပါဘူး…အခုကစပြီးတော့ သူမအနေနဲ့ သူ့ကို ဝေးလ်စ်လို့ ခေါ်သင့်တာ
ဝေးလ်စ်က ဂူမန်မန်၏ မျက်လုံးထဲကို သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်
“ ငါ မေ့နေတုန်းကတော့ ဝေးလ်စ်ပဲ။ အခုက ပြန်လည် နိုးထလာတဲ့ ဝါဘယ်လေ။ ငါ မေ့နေတုန်းက အကြောင်းအရာတွေကို သေချာမှတ်မိတာမလို့ ပျောက်ကွယ်သွားတယ်လို့လည်း ပြောလို့မရဘူး။ ဒါပေမဲ့ မင်းကို တစ်ခု အသိပေးထားချင်တာ ရှိတယ်။ ငါ့ကို မင်းဘေးနားမှာ အမြဲတဝဲလည်လည်လုပ်နေမဲ့ အဲဒီအရူးလိုမျိုး ငါ့ကို ဘယ်တော့မှ မဆက်ဆံပါနဲ့။