အခန်း (၁၅၄၇) : ရှင် ဒီထက် ပိုပြီး ကြိုးစားရင်လည်း ကျမ သေသွားလိမ့်မယ်
သားရဲကမ္ဘာက အမျိုးသားတွေဆီမှာ ထူးခြားကောင်းမွန်လှသော အကြားအာရုံတွေကို ပိုင်ဆိုင်ထားကြသည်။
ထိုအရာက အစတုန်းကတော့ အားသာချက် ဖြစ်သော်လည်း အခုတော့ သူတို့ကို နှိပ်စက်သည့်အရာ ဖြစ်လာသည်။
ထို့ကြောင့် အခန်းအပြင်မှာ ရှိနေသော အမျိုးသားနှစ်ယောက်က အခန်းထဲမှာ လီရာနဲ့ ဂူမန်မန် ပြောနေတာတွေကို အကုန်ကြားနေရသည်။
ပတ်ဝန်းကျင်မှာပျံ့လွင့်လာသော နှင်းမြေခွေးဆွဲဆောင်ရနံ့ကြောင့် သူတို့လည်း စိတ်မခိုင်တော့ပေ။
ကိုးလ်က မျက်လုံးတွေ နီရဲလာကာ အခန်းထဲ ပြေးဝင်ဖို့ပါ ပြင်နေသည်။
ဒါပေမဲ့ အဲလ်ဗစ်က ဘယ်လိုလုပ်ပြီးတော့ သူ့ကို ဝင်ခွင့်ပြုပါ့မလဲ
ဒီလိုနဲ့ ဂူထဲရှိ နေရာလွတ်တွင် သားရဲဘုရင်နှစ်ယောက် စတင် တိုက်ခိုက်ကြတော့သည်။
အခန်းထဲကအသံတွေ ဆူညံလာလေလေ အပြင်က တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာသည်။
နောက်ဆုံး အော်သံကြားလိုက်ရတဲ့အချိန်မှာတော့ အဲလ်ဗစ်ရဲ့ လက်သည်းက ကိုးလ်ရဲ့ရင်ဘတ်ထဲ စိုက်ဝင်သွားသည်။
အဲလ်ဗစ်က ကိုးလ်ကို သေအောင်တော့ မသတ်လိုက်ပေ။
ဂူမန်မန်က ကိုးလ်ကို သူတို့နောက်လိုက်ဖို့ ခွင့်ပြုထားခြင်းသည် သူ့ကို သတ်ဖို့တော့ မဟုတ်ပေ။
အတိအကျပြောရလျှင် ကိုးလ်ကို သတ်ဖို့ အချိန်မကျသေးပေ။
ဂူမန်မန်လည်း မျှော်လင့်ထားတဲ့အတိုင်း တစ်ရက်လုံး အိပ်ပျော်သွားသည်။
သူမ နိုးလာတဲ့အခါမှာတော့ ချက်ထားသော အသားနံ့လည်း ရနေသလို အဲလ်ဗစ်ရဲ့ နှလုံးခုန်သံကိုလည်း ကြားနေရသည်။
အကုန်လုံးကို ပေါင်းစပ်လိုက်သည့်အခါ ဂူမန်မန်၏အပြုံးတို့ ဖြစ်တည်လာရသည်။
သူမက အဲလ်ဗစ်ကို ဖက်ထားကာ ချိုသာစွာ ခေါ်လိုက်သည်
“ ယောက်ျားရေ”