အခန်း (1461 - 1462)

329 50 2
                                    

အခန်း ( ၁၄၆၁) : သူမဆီက မဟုတ်တဲ့ တစ်ခြားအသံတွေကို သူ မကြိုက်ဘူး

“ ရှင်က အဲ့လိုပွစိပွစိ ပြောနေတာတွေကို ကြိုက်တာလား။ ဒါဆို နောက်တစ်ခါကျ ရှင့်ကို နဇိုင်းရယ် ခေါ်သွားမယ်။ အမျိုးသမီး ၁၆ယောက် စုစည်းမိတဲ့အခါ….အမယ်လေး…ဈေးထဲ ရောက်သွားသလိုပဲ” ဂူမန်မန်က ရယ်ရင်း ပြောလိုက်သည်။

ဂရက်ဂိုရီက ပြုံးပြကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်

“ ကောင်းပြီလေ”

သူမ မဟုတ်ပဲ တစ်ခြားသူတွေ လုပ်တဲ့ ဆူညံသံတွေကို မကြိုက်ဘူးဆိုတာကိုတော့ သူ မပြောပြခဲ့ပေ။

သူမဆီမဟုတ်ပဲ တစ်ခြားသူဆီက အသံတွေကို သူ မကြိုက်ပေ။

မနက်စာ စားပြီးနောက် ဂရက်ဂိုရီက လတ်လတ်ဆတ်ဆတ် ခူးထားသော ရှုလင်အသီးဆယ်လုံးကို ဂူမန်မန်ဆီ ပေးလိုက်သည်။

မနက်ခင်းမှာ အသားစားရင် အီလည်လည် ဖြစ်နိုင်တာကြောင့် လန်းဆန်းသွားအောင် သစ်သီး ပြင်ဆင်ပေးထားခြင်းပင် ဖြစ်သည်။

“ နောက်တစ်ခါ ရှင် သစ်သီးသွားခူးရင် ကျမကိုလည်း ခေါ်သွားပေးပါ။ မော့တိုတောင်တန်းရဲ့ ရှုခင်းကို ကြည့်ရင်း အချိန်ကုန်ချင်လို့ပါ” ဂူမန်မန်က အသီးစားနေရင်း ပြောလိုက်သည်။

ဂရက်ဂိုရီက သူမ ပြောတာကို ငြင်းသည့် အနေဖြင့် ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ အပြင်မှာ လေအရမ်းပြင်းတယ်။ မင်း ခဲသွားလိမ့်မယ်”

သူမ မျက်မှောင်ကြုတ်သွားတာကို မြင်တော့ စိတ်မကောင်းဖြစ်သည့်အတွက် သူက ဆက်ပြောလိုက်သည်

“ ခြောက်ရက်ကြာပြီးရင် မော့တိုတောင်မှာ နေ့တစ်ဝက်လောက် လေနဲ့ နှင်းတွေရှိမှာ မဟုတ်တော့ဘူး။ အဲ့ဒီအချိန်ကျရင် မင်း ရှုခင်း ကြည့်လို့ရပြီလေ”

ဂရက်ဂိုရီ ပြောသောစကားကို နားထောင်ပြီး ဂူမန်မန်က လာမဲ့နေ့ရက်အတွက် စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။

ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို ရယူပြီးပါက သူမ အိမ်ပြန်ကာ မြေခွေးပေါက်လေးတွေ မွေးနိုင်တော့မည် ဖြစ်သည်။ အဲ့လိုဆိုလျှင် သူမရဲ့မိသားစုလည်း ပိုမိုအသက်ဝင်လာမည် ဖြစ်သည်။ ဟဲတျဲနဲ့ညီအစ်ကိုတွေက အရွယ်ရောက်တာ မြန်သည့်အတွက် သူမနဲ့ မကစားကြတော့ပေ။ ထို့ကြောင့် သူမအနေနဲ့ ချစ်စရာကောင်းတဲ့ ကလေးတွေ မြန်မြန်မွေးဖို့ လိုအပ်သည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now