အခန်း (၁၆၀၅) : အကြောင်းအရင်းမရှိပဲ နိုးထလာတဲ့ ထူးခြားစွမ်းအင်ဆိုတာ မရှိဖူးဘူး
“ ကျမ သူ့ကို တားဖို့ကြိုးစားပါသေးတယ်” မယ်လင်ဒါက ဂူမန်မန်နဲ့ အဲလ်ဗစ်ကို ကြည့်ရင်း ဆက်မပြောပေ။
ဂူမန်မန်က မျက်မှောင်ကြုတ်ရင်း မယ်လင်ဒါကို မေးလိုက်သည်
“ ဒါကြောင့် မနေ့က ရေသူထီးတွေကို ပြင်ဆင်ခဲ့တာလား…..”
မယ်လင်ဒါက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ သူတို့က ကျမကိုယ်တိုင်ရွေးထားတဲ့ ထူးချွန်တဲ့ ရေသူထီးတွေပါ။ သူတို့က တမန်တော်ဆီက အနမ်းလေးရဖို့အတွက် အသက်ကို စတေးဖို့ အလိုရှိတဲ့သူတွေပါ”
ဂူမန်မန် ဘာပြောရမယ်မှန်းပင် မသိတော့ပေ။
သူမ ဖေးလွေ့ကို တကယ်သနားသော်လည်း ကျန်တဲ့သူတွေက အသက်ရှင်ခွင့်တော့ ရသွားသည်…..
ဂူမန်မန် ဘာကိုတွေးနေလည်းဆိုတာ သူမ သိတာကြောင့် မယ်လင်ဒါက ဂူမန်မန်၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်
“ ကျမ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သိပါတယ်….ဒါပေမဲ့ ဖြစ်နိုင်ရင် ကျမအစ်ကိုကို အဲလိုမျိုးသေသွားရမဲ့သူ မဖြစ်စေချင်ခဲ့ဘူး။ အဲတာကြောင့် မနေ့က အဲတာတွေကို ပြင်ဆင်ခဲ့တာ….”
ဂူမန်မန်က ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်
“ ငါ နင့်ကို အပြစ်မတင်ပါဘူး”
အင်း ဟုတ်တယ်…..သူမအနေနဲ့ မယ်လင်ဒါကို ဝေဖန်ပိုင်ခွင့် မရှိဘူး။ သူမလည်း သူမရဲ့ကလေး အသက်ရှင်ဖို့အတွက် မီရန်ဒါရဲ့ကလေးကို စတေးခဲ့တာပဲလေ
ဒီလိုအဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ရရင် လူတွေက တစ်ကိုယ်ကောင်းဆန်တတ်ကြတာ သဘာဝပဲ
ဂူမန်မန်က ကြေကွဲနေပမဲ့ အတင်းပြုံးနေသော မယ်လင်ဒါကို ကြည့်ရင်း အပြစ်မတင်နိုင်တော့သည့်အတွက် သက်ပြင်းချကာ ပြောလိုက်သည်
“ နင်သာ ငါ့ကို စောစောပြောပြခဲ့ရင် ဖေးလွေ့ကို တားချင်တားနိုင်ခဲ့မှာ”
မယ်လင်ဒါက ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ဒီသမုဒ္ဒရာရဲ့အနမ်းကို စုပ်ယူဖို့အတွက် ဘယ်သူကမှ အဆိပ်ရှိတဲ့ ကမာဘုရင်ကို မျိုမချရင် အဲဒီပုလဲက တစ်ချိန်လုံး အဆိပ်ငွေ့တွေထုတ်နေပြီးတော့ ပင်လယ်ထဲက တစ်ခြား အဆိပ်ရှိတဲ့ သတ္တဝါတွေကို ဆွဲဆောင်နေလိမ့်မယ်။