အခန်း (1651 - 1652)

299 44 5
                                    

အခန်း (၁၆၅၁) : မှောင်ခိုလက်ဝှေ့ပွဲ

တိုက်ခိုက်ရင်း လက်ကျိုး၊ ခြေကျိုးတာက ယောက်ျားတွေအတွက် ပုံမှန် ဖြစ်လေ့ဖြစ်ထရှိသည့်အရာ ဖြစ်သည့်အတွက် အဲလ်ဗစ် စိတ်ထဲမထားပေ။

သို့သော် ထိုအကြောင်းကို လီရာ သိသွားပြီးနောက် ဒီကမ္ဘာမှာ ရှိသော နေထိုင်ပုံတွေက သားရဲကမ္ဘာ နေထိုင်ပုံနှင့် မတူကြောင်း၊ သူသာ လူတွေကို အခုလိုမျိုး ရိုက်နှက်နေပါက မန်မန်အတွက် ပြဿနာဖြစ်နိုင်ကြောင်း ပြောပြလိုက်သည့်အတွက် အဲလ်ဗစ် အနည်းငယ် ထိတ်လန့်မိသွားသည်။

လီရာ ပြောခဲ့သည့်အတိုင်း ဒီဘက် ကမ္ဘာမှာ ဂူမန်မန် နေထိုင်ခဲ့သည့်အတွက် ဒီမှာနေရတာ ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမ ဒီမှာ သူမ နေချင်သလောက်နေနိုင်ပြီး သူတို့ကြောင့် ထွက်သွားရတာမျိုး မဖြစ်စေချင်ပေ။

ဂူမန်မန်က စနိတ်ခ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်

“ အာကယ်လ်…..”

စနိတ်ခ်က ခပ်ဖွဖွရယ်ကာ သူမ၏ ခေါင်းလေးကို ပွတ်ပေးရင်း ပြောလိုက်သည်

“ စိတ်မပူပါနဲ့ သူက တရားမဝင် တိုက်ခိုက်ခဲ့တာ မလား။ အဲလိုမျိုး တရားမဝင် တိုက်ခိုက်တဲ့နေရာမှာ တစ်စုံတစ်ယောက်ကို သေတဲ့အထိ အလဲထိုးတာက ပုံမှန် ဖြစ်နေကျအရာပါပဲ။ ဘယ်သူမှ ဒီကိစ္စတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ ပြီးတော့ ‘F’ နိုင်ငံတော်က ကိုယ့်ရဲ့ပိုင်နက်ပဲလေ။ သူ လူပုံအလယ်မှာ သမ္မတကို ရိုက်မသတ်သရွေ့ ကျန်တာ အားလုံးကို ကိုယ်ဖြေရှင်းနိုင်ပါတယ်”

ဂူမန်မန် ချွေးစေးများပင် ထွက်လာသည်။

ဒါဆို စနိတ်ခ် ပြောချင်တာက သမ္မတကို သတ်ချင်ရင် သတ်လို့ရတယ် ‘လူပုံအလယ်’မှာ မဟုတ်ရင် ရတယ်လို့ ပြောချင်နေတာပေါ့

စနိတ်ခ်က ဂူမန်မန်က မျက်နှာ အောက်ငုံ့ထားတာကို ကြည့်ပြီး သဘောကျစွာ ပြုံးကာ ပြောလိုက်သည်

“ ဟုတ်ပါပြီ ဟုတ်ပါပြီ….သူ သမ္မတကို လူပုံအလယ်မှာ သတ်မိသွားရင်တောင် ကိုယ်သူ့ကို ကာကွယ်နိုင်ပါတယ် ဟုတ်ပြီလား။ စိတ်မပူနဲ့တော့နော်”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now