အခန်း (၁၆၁၅) : နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင် ပေါ်ထွက်လာလို့များလား
ထိုအရာက ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုတွေကို ကြောက်လန့်အောင် လုပ်နေသည်။
ကုန်းနေသားရဲရော ပျံသန်းတတ်တဲ့ သားရဲတွေရောကို တပ်ဖြန့်ထားပြီး အမဲလိုက်ခိုင်းတာဆိုတော့ နဇိုင်းရယ်က စစ်ပွဲအတွက် ရိက္ခာ ကြိုတင်စုဆောင်းထားတာများလား
ဒါပေမဲ့ ကိုးလ်က သေသွားပြီ မဟုတ်လား
ဒါဆို…နောက်ထပ် ကိုးလ်လိုမျိုး မကောင်းဆိုးဝါးတစ်ယောက် ပေါ်ထွက်လာလို့များလား
အိမ်နီးချင်းမျိုးနွယ်စုများမှ အခြေအနေကို တိကျစွာ သိရှိနိုင်ရန်အတွက် မျိုးနွယ်စုဝင်တွေကို နဇိုင်းရယ်ဆီသို့ စေလွှတ်ချင်သော်လည်း နဇိုင်းရယ်၏ နယ်နိမိတ်တွင် ဝံပုလွေရိုင်းနှင့် မြေခွေးရိုင်းများ စောင့်နေတာကြောင့် သားရဲမပြောနှင့် ယင်ကောင်တောင် ဝင်လို့ မရနိုင်ပေ။
အရင်တုန်းကတော့ သားရဲတွေက လေလွင့်သားရဲတွေကို ကြောက်နေလေ့ မရှိပေ။
ထိုလေလွင့်သားရဲတွေက သားရဲဘုရင်နှစ်ယောက်၏ အမိန့်ကို နာခံရင်း စောင့်ကြည့်နေတာဖြစ်တာကြောင့် အခုသာ သူတို့ကိုအထင်သေးပြီး ဝင်ရှုပ်မိပါက သားရဲဘုရင်ကို တိုက်ရိုက်စိန်ခေါ်လိုက်သလို ဖြစ်သွားနိုင်သည်။
နဇိုင်းရယ်မျိုးနွယ်စုဝင်တွေက လှောင်အိမ်မှ လွတ်လာသော ရက်စက်သည့် ကျားများကဲ့သို့ အမဲလိုက်နေသည့်အတွက် ကျန်တဲ့ မျိုးနွယ်စုတွေလည်း ဘာမှဝင်မရှုပ်ရဲကြပေ။
သားရဲဘုရင်နှစ်ယောက်နဲ့ တမန်တော်ကိုလည်း လုံးဝ မတွေ့နိုင်ဖြစ်နေရသည်။
ထို့ကြောင့် သူတို့လည်း ကိုယ့်မျိုးနွယ်စုဆီသို့ အလျင်စလိုပြန်ရင်း အစောင့်အရှောက်တွေ မြှင့်တင်ထားလိုက်သည်။ သို့သော် သားကောင်အတွက်နဲ့ နဇိုင်းရယ်ကိုတော့ မတိုက်ခိုက်ရဲကြပေ။
ထို့အပြင် အခုလိုမျိုး သဲကြီးမဲကြီး အမဲလိုက်ရန်လည်း မလိုအပ်သေးပေ။
အဓိကပြဿနာက နားလည်မှု လွဲသွားခြင်း ဖြစ်၏။
လီရာက အော်ရီတင်ကို ပြောခဲ့သည်က ‘ မန်မန် ကလေးမွေးနေတုန်း အားမပြတ်အောင် စားစရာ ပြင်ဆင်ပေးဖို့ လိုတယ်..”