အခန်း (၁၅၅၁) : မင်း ကိုယ့်ကို မသတ်ဘူးလား
“ မင်းက အားနည်းတဲ့သူ မဟုတ်ဘူးဆိုတာကို ကိုယ်သိပါတယ်။ ဒါပေမဲ့ မင်းကို ပြန်ပြီး တိုက်ခိုက်ဖို့ဆိုတာ ကိုယ့်အတွက်တော့ မဖြစ်နိုင်ဘူး” ကိုးလ်က ကိုယ့်ကိုယ်ကို လှောင်ရယ်ရင်း ပြောလိုက်သည်
“ မင်း ကိုယ့်ကို မုန်းလာအောင် လုပ်ခဲ့တဲ့ အချိန်အတောအတွင်း ကိုယ် မင်းကို ထိခိုက်အောင် လုပ်ခဲ့ဖူးလားဆိုတာကို မင်း ပြန်ပြီးတော့ စဉ်းစားသင့်တယ်”
ကိုးလ်က ဂူမန်မန် ဒေါသထွက်အောင် ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ သူမ ထိခိုက်အောင်တော့ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။
ဂူမန်မန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်
“ ရှင်က ကျမအတွက် အရေးပါတဲ့သူတွေကို ထိခိုက်အောင် လုပ်ခဲ့တာလေ။ သူတို့အစား ကျမကိုပဲ ထိခိုက်အောင် လုပ်လိုက်တာက ပိုမကောင်းဘူးလား”
ကိုးလ် ချောင်းဆိုးနေတုန်း သွေးတွေပါ ပါလာသည်။
ထို့နောက် နှုတ်ခမ်းမှာ ပေနေသော သွေးတွေကို လက်ဖမိုးဖြင့် သုတ်ကာ ဂူမန်မန်ကို ပြုံးပြရင်း ပြောလိုက်သည်
“ ကိုယ်တို့နှစ်ယောက်က တူတယ်။ ကိုယ်တို့ ဂရုစိုက်တဲ့သူတွေကိုတော့ အရမ်းကာကွယ်ပေးပြီး ဂရုမစိုက်တဲ့သူတွေကိုတော့ အေးစက်စွာ ဆက်ဆံကြတယ်။ တစ်ခုထဲသော ကွာခြားချက်ကတော့ မင်းက ကိုယ်ကလွဲပြီးတော့ ကျန်တဲ့သူတွေအားလုံးကို ဂရုစိုက်ပြီး ကိုယ်ကတော့ မင်းတစ်ယောက်ထဲကိုပဲ ဂရုစိုက်တာ။ ဒါပေမဲ့ အာဂူ မင်း ဂရုစိုက်ရတဲ့သူတွေနဲ့ ကိုယ့်ရဲ့ ခြားနားချက်က ဘာများလဲ”
ဂူမန်မန် ဘာပြန်ပြောရမယ်မှန်းပင် မသိတော့ပေ။
အော်ရီတင်ကိစ္စနဲ့ပတ်သက်ပြီး ဝေးလ်စ် ရိုက်နှက်တာကိုလည်း ခံထားရသေးသည်။ သူက သားရဲဘုရင်ဖြစ်သော်လည်း သားရဲဘုရင်ထက် အဆင့်မြင့်သောသူက ရိုက်နှက်တာကို ခံထားရသည့်အတွက် ရက်ပိုင်းလောက်အတွင်းမှာ ဒဏ်ရာတွေ ပြန်ကောင်းလာစရာအကြောင်း မရှိပေ။
အဲဒါကိုတောင် သူက ဒဏ်ရာကို သေချာမကုပဲ ကျောက်စိုင်ရဲ့ဝိညာဉ်ကို သူမဆီ ပေးနိုင်ဖို့အတွက် သူတို့နဲ့အတူ မြွေဘုရင်တောင်ကြားအထိ လိုက်လာခဲ့သည်။