အခန်း (၁၇၂၁) : လျှို့ဝှက်နံပါတ်က မွေးနေ့ပဲ
အဲလ်ဗစ်နှင့် စနိတ်ခ်က ပိုက်ဆံနှင့် ပတ်သက်လာလျှင် နှမြောတွန့်တိုခြင်းမရှိပေ။
ဘယ်လိုပဲဖြစ်ဖြစ် မန်မန်အတွက် ပိုက်ဆံသုံးရတာဆိုတော့ ကောင်းတာပေါ့
ဘယ်သူသုံးတာလဲဆိုတာ ဘာလို့ အရေးကြီးမှာလဲ။ သူတို့ တရားမဝင်ရော တရားဝင်ရော ဝင်ထားတဲ့ငွေတွေက အများကြီးပဲဆိုတော့ သူတို့မိသားစုက ငွေအတွက်တော့ မပူရဘူး ...
အဲလ်ဗစ်နှင့် စနိတ်ခ်က လီရာကို 'black card' ပေးလိုက်ပြီး ပြောလိုက်သည်
" လျှို့ဝှက်နံပါတ်က မွေးနေ့ပဲ"
ဘယ်သူ့မွေးနေ့လဲဆိုတာကို ထည့်မပြောဘဲ တန်းသိနိုင်သည်။
လီရာကတော့ လုံးဝ မရှက်ပေ။ သူ့မှာလည်း ကိုယ်ပိုင် ပိုက်ဆံရှိသော်လည်း ပိုက်ဆံများလေ ကောင်းလေဟု သတ်မှတ်ထားသည်။
ဂရက်ဂိုရီက ဘာမှမပြောဘဲ ဘေးမှာသာ တစ်ချိန်လုံးရပ်နေသည်။
သူ စိတ်မသက်မသာဖြစ်နေသည်။
သူ၏ တည်ရှိမှုက ဘယ်တုန်းကမှ အရေးပါတာမျိုး မရှိခဲ့သော်လည်း အခုလိုမျိုး ဂူမန်မန် သူ့ကို လျစ်လျူရှုသွားတာက ပထမဆုံးအကြိမ် ဖြစ်သည်။
အရင်တုန်းက သူက မိသားစုထဲမှာ ရာထူးအနိမ့်ဆုံး ဖြစ်သည့်အတွက် သူမ၏ ဆုံးဖြတ်ချက်ကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဖူးသော်လည်း ဂူမန်မန်က သူ့ ထင်မြင်ချက်ကို မေးလေ့ ရှိခဲ့သည်။
သို့သော် ဒီတစ်ခါတော့ သူ့ကို ဘာမှမမေးမြန်းခဲ့ပေ။
ဒါဆို သူမက သူ့ကို ဒီတစ်ခါ ပျားရည်ဆမ်းခရီး လိုက်ခိုင်းဖို့ ရည်ရွယ်ထားခြင်း မရှိဘူးဆိုတဲ့ သဘောမလား
သူ ကူကယ်ရာမဲ့သလို ခံစားရပြီး မျှော်လင့်ချက် ပျောက်ဆုံးနေသည်။
သူမသာ သူ့အနားမှာမရှိတော့ရင် သူ ဘယ်ကို သွားရမှာလဲ
"မန်လေး" ဂရက်ဂိုရီလည်း မနေနိုင်တော့ပဲ တိုးတိုးလေး ခေါ်လိုက်မိသည်။
ဂူမန်မန်က ဂရက်ဂိုရီကို မော့ကြည့်ကာ တောက်ပစွာပြုံးရင်း ပြောလိုက်သည်