အခန်း (၁၅၅၃) : ကိုယ်တို့ သမီးလေး မွေးတော့မယ်
မျက်လုံးတစ်မှိတ်အတွင်းမှာ အချိန်သုံးပတ်ကုန်ဆုံးသွားသည်။
ဂူမန်မန်က ကိုးလ်နဲ့မျက်နှာချင်း မဆိုင်ချင်သည့်အတွက် အခန်းထဲကနေ ထွက်ခဲသည်။ သူမ အခန်းထဲကနေ မထွက်သည့်အတွက် အစားအသောက်တွေကိုတော့ လီရာကပဲ အခန်းထဲသို့ ယူသွားပေးရသည်။
သုံးပတ်ကြာပြီးနောက်မှာတော့ သူမ ကိုယ်ဝန်ရှိနေတာ သေချာမှန်း လီရာ အတည်ပြုနိုင်ခဲ့သည်။
ပုံမှန်အားဖြင့် မြေခွေးမွေးဖို့အတွက် ရက် ၅၀ ကြာ ကိုယ်ဝန်ဆောင်ရသည်။
သုံးပတ်ကြာသွားသော်လည်း ဂူမန်မန်၏ ဗိုက်က ပြားချပ်နေဆဲပင် ဖြစ်သည်။
လီရာက ဂူမန်မန်ကို အချိန်အကြာကြီး စိုက်ကြည့်နေရင်းမှ ခေါင်းမော့ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ကိုယ်ဝန်က…..မိန်းကလေး ဖြစ်မယ်ထင်တယ်”
လီရာရဲ့စကားကို ကြားတော့ ဂူမန်မန်လည်း အံ့ဩသွားရသည်။ မိန်းကလေးရဖို့အတွက် ခက်ခဲလှသည်။ ဂူမန်မန်ရော လီရာပါ ယောက်ျားလေးမွေးမည်ဟု ထင်ခဲ့တာကြောင့် နာမည်များပင် လေး၊ ငါးမျိုး စဉ်းစားထားသည်။ ရုတ်တရက် ကလေးက မိန်းကလေးဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အကုန်လုံး အံ့ဩသွားကြသည်။
“ တကယ်….တကယ်လား” ဂူမန်မန်က လီရာ၏ လက်ကို သေချာဆုပ်ကိုင်ရင်း ထပ်မေးလိုက်သည်။
လီရာက သားရဲအသွင်ပြောင်းကာ ဂူမန်မန်၏ ပေါင်ကြားထဲ ဝင်ကာ သေချာအနံ့ခံပြီးနောက်မှ လူအသွင်ပြန်ပြောင်းကာ ပြောလိုက်သည်
“ မင်း ကိုယ်ဝန်ရနေတာတော့ သေချာတယ်။ ရက်တွေကို ရေတွက်ကြည့်လိုက်တော့ သားယောက်ျားလေးသာဆိုရင် မင်းရဲ့ဗိုက်က ဒီထက်ပိုပြီးတော့ ကြီးသင့်တာ…”
“ လီရာ…ကျမတို့ သမီးလေး မွေးတော့မှာပေါ့”
လီရာကလည်း ပျော်ရွှင်စွာနဲ့ စိတ်ထဲမှာ ရေရွတ်လိုက်သည်။
‘ ကိုယ်တို့ သမီးလေး မွေးတော့မှာ’
ဂူမန်မန်ကို ရင်ခွင်ထဲမှာ အချိန်အကြာကြီးဖက်ထားကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်