အခန်း (၁၅၁၁) : ကျတော်တို့က တိုက်ပွဲကိုလည်း မကြောက်သလို သေရမှာကိုလည်း မကြောက်ပါဘူး
ကျာလွဲ့က ပြုံးပြရင်း ဂူမန်မန်၏ ခြေထောက်ကို နှိပ်ပေးရင်း ပြောလိုက်သည်
“ မာမီရဲ့ ခန့်မှန်းချက်က အရမ်းတိကျတာပဲ။ မာမီရဲ့ မျက်ဝန်းလှလှတွေအောက်ကနေ ဘယ်အရာကိုမှ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ မာမီ….မာမီလိုမျိုး ပြီးပြည့်စုံတဲ့ မိန်းကလေးမျိုးကို ဘယ်လိုနည်းနဲ့မှ ရှာမတွေ့နိုင်တော့ဘူး။ မာမီက လှပရုံတင် မကဘူး….ဉာဏ်ကောင်းတာကလည်း ဘယ်သူမှ ယှဉ်လို့ မရနိုင်ဘူး….”
“ နေပါဦး…” ဂူမန်မန်က ကျာလွဲ့၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်
“ မာမီကို မြှောက်ပြောမနေနဲ့….အပြစ်ဒဏ်မခံချင်ရင် အမှန်တရားကို ပြောပြ”
အခုကိစ္စနဲ့ပတ်သက်ပြီး မာမီက သူ့ကို တကယ် အပြစ်မပေးလောက်ဘူးဟု တွေးပြီး ပြုံးကာ ပြောလိုက်သည်
“ ကျတော်က မြှောက်ပြောနေတာ မဟုတ်ပါဘူး။ ရင်ထဲကအတိုင်း ပြောနေတာပါ”
ဂူမန်မန် သူ့ကို စိုက်ကြည့်နေတာကို သိမှ ကျာလွဲ့က ပြုံးပြကာ ပြောလိုက်သည်
“ ကျတော် ပြောပါ့မယ်။ မာမီ….ကျတော်က ဘယ်လိုလုပ်ပြီး လျှို့ဝှက်ချက်တွေ ထားပါ့မလဲ။ မာမီ ငိုသွားမှာကိုပဲ ကြောက်မိတာ…..”
ဂူမန်မန် စိုးရိမ်သွားရသည်။
သူမ ချီရွှမ်ကြောင့်သာ ငိုခဲ့ဖူးသည်။
ထိုကဲ့သို့ ငိုခဲ့တာကြောင့်သာ ကောင်းကျိုးများစွာ ရရှိခဲ့သည်။ ချီရွှမ်ကို ပြန်လာအောင် လုပ်နိုင်ရုံတင်မကပဲ သူ့အမျိုးသားတွေကလည်း သူမ ပြောတာကို အရင်ကထက် ပိုပြီးတော့ အလေးထားလာကြပြီး မဆန့်ကျင်ရဲကြပေ။
“ မာမီက မင်းအမေပါ ” ဂူမန်မန်က ပြောလိုက်သည်။
“ ကျတော် သိပါတယ်” ကျာလွဲ့က လေးနက်စွာ ပြန်ပြောလိုက်သည်
“ ကျတော့် မာမီ မဟုတ်ရင် ဝံပုလွေမျိုးနွယ်စုရဲ့ သခင်လေးဖြစ်တဲ့ ကျတော်က ဘယ်လိုလုပ်ပြီး အခုလိုမျိုး ခြေထောက်နဲ့ ပုခုံးကို နှိပ်နယ်ပေးနေပါ့မလဲ မဟုတ်ဘူးလား”