အခန်း (၁၆၁၉) : ဒါက ညီမလေးလား
သို့သော် ဒီတစ်ခါတော့ မတူညီပေ။ သူမ တကယ် ထွက်သွားရတော့မည် ဖြစ်သည်။
သေသွားတဲ့သူ ဖြစ်တာကြောင့် ပြန်လာလို့ မရနိုင်တော့ပေ။
အဲလ်ဗစ်က ဂူမန်မန်၏ ခေါင်းလေးကို ပုတ်ကာ နွေးထွေးစွာပြုံးပြရင်း ပြောလိုက်သည်
“ မင်း ရှိတဲ့နေရာတိုင်းက ကိုယ်တို့ရဲ့အိမ်ပဲလေ။ ကိုယ်နဲ့လီရာက မင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေမှာမလို့ စိတ်မကောင်းမဖြစ်နဲ့နော်”
ဂူမန်မန်က ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြသည်။
ဟုတ်တယ် နဇိုင်းရယ်မှာရှိတဲ့ဂူက သူမရဲ့ အိမ် မဟုတ်ဘူး။ အိမ်ဆိုတာက အဲလ်ဗစ်နဲ့လီရာ ရှိတဲ့နေရာပဲ
သူတို့နှစ်ယောက်မရှိရင် ဂူဆိုတာလည်း အလကားပဲလေ
အတိတ်က အမှတ်တရတွေက အဖိုးတန်တယ် ဒါပေမဲ့ သူမ နဇိုင်းရယ်ကနေ ထွက်သွားတာနဲ့ အဲဒါတွေက ပျောက်ကွယ်သွားမှာမှ မဟုတ်တာ
သူမ အမှတ်တရတွေသာ ဆက်ပြီးမရှိတော့ရင် တော်တော်များများကို ဖြည်းဖြည်းချင်း မေ့သွားမှာပဲ ဟုတ်တယ်မလား
ဒါပေမဲ့လည်း ဘာဖြစ်လဲ။ သူတို့နှစ်ယောက် သူမရဲ့ဘေးမှာရှိနေသ၍ ပိုပြီးတော့တန်ဖိုးရှိတဲ့ အမှတ်တရတွေ ဖန်တီးလို့ရတယ်မဟုတ်လား
ထိုကဲ့သို့ တွေးလိုက်မိတော့ ဂူမန်မန် စိတ်အေးသွားရသည်။ သူမက အဲလ်ဗစ်ကို ဖက်နမ်းကာ ပြောလိုက်သည်
“ အင်း ရှင် ပြောတာမှန်တယ်”
သူမနဲ့ အဲလ်ဗစ် ပထမဆုံး စတွေ့သော ရေကန်ကိုဖြတ်သွားတော့ ဂူမန်မန် ရယ်လိုက်မိသည်။
အဲလ်ဗစ်က နားမလည်နိုင်စွာဖြင့် ဂူမန်မန်ကို ကြည့်လိုက်သည်။
ဂူမန်မန်က ပြောပြလိုက်သည်။
“ ရှင် ကျမကို လူလိမ်မလေးလို့ခေါ်တာ မှန်တယ်လို့ ခံစားရတယ်။ ကျမ သားရဲကမ္ဘာကို စပြီးရောက်တဲ့နေ့ကတည်းက ရှင့်ကို လိမ်ခဲ့မိတာပဲ”
အဲလ်ဗစ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
“ အဲဒီနေ့တုန်းက မင်း ကိုယ့်ကို ဘာတွေ လိမ်ခဲ့လို့လဲ”