အခန်း (၁၅၃၉) : တစ်စုံတစ်ယောက်က သိက္ခာချမှာကို ကျမက လိုချင်ပါ့မလား
“ ကျမ ဆောင်းတွင်းမှာ စန္ဒီနဲ့ကစားဖို့ အချိန်မရှိတော့ဘူး” ဂူမန်မန်က ကိုးလ်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
ထို့နောက် အကြည့်ကို လီရာဆီ ပို့ကာ ရှက်ပြုံး ပြုံးလိုက်ရင်း ပြောသည်
“ အခု ကျမမှာ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာ ရှိနေပြီဆိုတော့ လီရာက မြေခွေးပေါက်လေးတွေ မွေးဖို့အတွက် သဘောတူလိုက်ပြီလေ”
ရုတ်တရက် ကိုးလ်ရဲ့မျက်လုံးတွေ နီရဲလာကာ ဂူမန်မန်၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ရင်း အံကြိတ်ကာ ပြောလိုက်သည်
“ မင်း မြေခွေးပေါက်လေးတွေ မွေးချင်ရင် ကိုယ် လုပ်ပေးနိုင်ပါတယ်။ တစ်ခြားသူတွေနဲ့တော့ ထပ်ပြီး မိတ်မဖက်ပါနဲ့တော့”
ဂူမန်မန်က ကိုးလ်ကို ကြည့်ကာ ခပ်ဖွဖွရယ်ရင်း ပြောလိုက်သည်
“ ကိုးလ် ရှင် နားလည်မှုများ လွဲနေတာလား။ ရှင်က ကျမရဲ့ပါတနာမှ မဟုတ်တာ။ ကျမနဲ့ ကလေးမွေးဖို့ဆိုတာ ရှင့်အလှည့် ဘယ်လိုနည်းနဲ့မှ ရောက်မလာနိုင်ဘူးလေ မဟုတ်ဘူးလား”
“ မင်းသာ လိုချင်ရင် ကိုယ် မင်းရဲ့ပါတနာ ဖြစ်လာပေးလို့ ရပါတယ်” ကိုးလ်က ဂူမန်မန်ကို ကြည့်ရင်း ပြောလိုက်သည်။
ဂူမန်မန် ရုန်းသော်လည်း မရပေ။ သို့သော် သူမက စိတ်မတိုပဲ ပြုံးကာ ကိုးလ်ကို မေးလိုက်သည်
“ ရှင်က လေလွင့်သားရဲ တစ်ကောင်လေ ရှင်က ဘယ်လိုလုပ်ပြီးတော့ ကျမရဲ့ပါတနာ ဖြစ်လာနိုင်မှာလဲ”
“ မိတ်ဖက်အမှတ် မပါပဲနဲ့တောင် မင်း ကိုယ်ဝန်ရအောင် ကိုယ် လုပ်ပေးနိုင်ပါတယ်။ မာယာနဲ့ မီရန်ဒါက အကောင်းဆုံး သက်သေတွေပဲလေ” ကိုးလ်က ပြန်ပြောလိုက်သည်။ ဂူမန်မန်ရဲ့ စကားလုံးတွေနောက်မှာ သူ့ကို အခွင့်ရေးပေးချင်သလို ဖြစ်သည်ဟု သူ ခံစားနေရသည့်အတွက် သူမဘေးမှာ နေဖို့ အခွင့်ရရန် အကောင်းဆုံး ကြိုးစားနေမိသည်။
“ ဟား…ဟား…ဟား….” ဂူမန်မန် ကိုးလ်ရဲ့စကားကို ကြားတော့ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။