အခန်း (၁၆၅၃) : တောင်းပန်ပါတယ် မိန်းမလှလေး….ငါ နင့်ကို စွန့်ပစ်မှဖြစ်တော့မယ်
“ မိန်းမလှလေးလား” တံခါးကိုဆွဲဖွင့်လိုက်တာနဲ့ ပိုင်လန် ဂူမန်မန်ကို မြင်လိုက်ရသည်။ သူမက စားလက်စ ပန်းသီးကို ကိုင်ထားရင်း ဂူမန်မန် ဖက်ဖို့အတွက် လက်ဆန့်ပေးထားသည်။
စနိတ်ခ်က မကျေနပ်သော်လည်း မတတ်နိုင်ပဲ ဂူမန်မန် တစ်ခြားတစ်ယောက်၏ ရင်ခွင်ထဲ ဝင်သွားတာကို ရပ်ကြည့်နေရသည်။
“ ဘယ်လိုနေသေးလဲ။ အများကြီး နာနေသေးလား” ဂူမန်မန်က ပိုင်လန်ကို ဖက်ရင်း ခေါင်းအုံးကို ဆွဲကာ သူမကို သေချာလှဲခိုင်းလိုက်သည်။
ပိုင်လန်က ရယ်ရင်း ပြောလိုက်သည်
“ ငါက အဆင်ပြေပါတယ် ဒါပေမဲ့ သူက…..”
သူမက ကျန့်ကျင်းချန်ကို ကြည့်လိုက်ပြီးနောက် ပိုင်လန်က မျက်နှာနီရဲစွာဖြင့် ပြောလိုက်သည်
“ သူက ငါ လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်တယ်။ နှစ်နှစ်ကြာတဲ့အခါ ငါတို့ ဘွဲ့ယူရင် ဘွဲ့လက်မှတ်က တစ်ဖက် လက်ထပ်စာချုပ်ကို တစ်ဖက် ကိုင်ထားမှာ။ ငါ ကျောင်းယူနီဖောင်း ချွတ်ပြီးတာနဲ့ တန်းပြီးတော့ မင်္ဂလာဝတ်စုံလဲမှာ”
“ ဘာ….” ဂူမန်မန် နားမလည်နိုင်ဖြစ်နေရသည်။
ပိုင်လန်က တခစ်ခစ် ရယ်ကာ ပြောလိုက်သည်
“ တောင်းပန်ပါတယ် မိန်းမလှလေးရယ်…ငါ နင့်ကို စွန့်ပစ်မှ ဖြစ်တော့မယ်။ ဒီလူက အရမ်းတုံးတာပဲ။ ငါသာ သူ့ကိုအနီးကပ် စောင့်မကြည့်ခဲ့ရင် တစ်ခြားတစ်ယောက်နောက် ပါသွားလောက်ပြီ။ ဒါကြောင့်…နင် ငါ့ကို နားလည်ပေးမယ်မလား ဟမ်”
ဂူမန်မန်က ကျိတ်ရယ်ရင်း မေးလိုက်သည်
“ နင် အရမ်းလွန်သွားပြီ…ဒီလက်ထပ်ခွင့် တောင်းတာကို ဘာလို့နင်….ဘာလို့ သူ့ကို လက်ထပ်ခွင့် မတောင်းခိုင်းရတာလဲ”
ပိုင်လန်က ကျန့်ကျင်းချန်၏ ဒူးခေါင်းကို ကြည့်ကာ ပြောလိုက်သည်
“ ငါ့ဘဝတစ်လျှောက်လုံး သူ့ကို ဒူးထောက်ပြီး နာကျင်ခွင့် ပြုမှာ မဟုတ်တော့ဘူး”