အခန်း (1467 - 1468)

313 40 0
                                    

အခန်း (၁၄၆၇) : သူမ ကိုယ်ဝန်ရှိနေပြီ

သားရဲနတ်ဘုရားအတွက်တော့ ငှက်မျိုးနွယ်စုတွေဟာ တစ်ခြားမျိုးနွယ်စုတွေထက် ထူးခြားသည်။

ဂူမန်မန် ပြောလိုက်တာက မလေးစားရာ ရောက်သော်လည်း သားရဲနတ်ဘုရားက ဒီအမျိုးသမီးလေးလောက် အရေးမကြီးသည့်အတွက် ဂူမန်မန်ကို အပြစ်မတင်တော့ပေ။

သူက ခေါင်းအသာယမ်းကာ ပြောလိုက်သည်

“ မင်း ဒီအကြောင်းကို သားရဲနတ်ဘုရားဆီ မေးစရာမလိုပါဘူး။ မင်းကိုမင်း ပြန်မေးရင် ရပြီ”

“ ကျမကို ကျမ ပြန်မေးရမယ်ဟုတ်လား” ဂူမန်မန်က ကိုယ့်ကိုယ်ကို လက်ညှိုးထိုးရင်း မေးလိုက်သည်

“ ဘာဖြစ်လို့လဲ။ မျိုးနွယ်စုထဲက တစ်ခြားသူတွေက ကျမ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို ယူသွားမှာကို ကန့်ကွက်လို့လား”

ဂရက်ဂိုရီက ခေါင်းယမ်းကာ ပြောလိုက်သည်

“ မဟုတ်ဘူး…ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ဘာမှမဆိုင်ဘူး”

“ ဒါဆို ဘာလဲ” ဂူမန်မန် သက်ပြင်းချကာ မေးလိုက်သည်။ သူမ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို ရယူတဲ့နေရာမှာ ဟန့်တားမဲ့အရာ တစ်ခုခုမဟုတ်လျှင် ဘာဖြစ်ဖြစ် အဆင်ပြေသည်။

ဂရက်ဂိုရီက တွေဝေနေရင်း ပြောလိုက်သည်

“ အရင်တုန်းက မော့တိုတောင်ဆီ ပို့လိုက်တဲ့ အမျိုးသမီးကို မှတ်မိသေးလား”

ဂူမန်မန်က တွေးပြီး ပြောလိုက်သည်

“ မီရန်ဒါလား”

ဂရက်ဂိုရီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ သူမ ကိုယ်ဝန် ရှိနေပြီ”

ဂူမန်မန်က ကို့ရို့ကားရားနိုင်စွာပြုံးရင်း ပြောလိုက်သည်

“ သူမ ကိုယ်ဝန် ရှိတာက ကောင်းတာ မဟုတ်ဘူးလား။ ရှင့်ကြည့်ရတာ ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ”

ဂရက်ဂိုရီက ရှင်းပြလိုက်သည်

“ သူမက ငှက်မျိုးနွယ်ကို ကိုယ်ဝန်လွယ်ထားရတာ မဟုတ်ဘူး”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now