အခန်း (၁၅၉၃) : ဆွဲဆောင်မှုရှိလိုက်တာ
ဂူမန်မန်က မယ်လင်ဒါ လက်ညှိုးထိုးပြသည့် နေရာကို ကြည့်လိုက်တော့ လဲကျမလိုပင် ဖြစ်သွားသည်။
အိုး……. ဆွဲဆောင်မှုရှိလိုက်တာ
ဆံပင်ရောင်စုံရှိပြီး ခန္ဓာကိုယ်ကျစ်လစ်သော ရေသူထီးတွေကို မြင်လိုက်ရသည်။ သူတို့က ကုန်းနေသားရဲတွေလိုမျိုး ကြွက်သားတွေ အများကြီး မရှိသော်လည်း ခန္ဓာကိုယ်က ဟန်ခက်ညီပြီး လှပသည့်အပြင် သူတို့က အပေါ်ဗလာနှင့် ငါးအမြီးသာရှိတာကြောင့် မြင်လိုက်ရသည့်သူအဖို့ စိတ်ရိုင်းဝင်စေသည်။
ဂူမန်မန် နှာခေါင်းထဲမှ အပူကို ခံစားမိတာကြောင့် ချက်ချင်း နှာခေါင်းကို ကိုင်ထားလိုက်သည်။ ထို့နောက် မယ်လင်ဒါကို လက်ယမ်းပြကာ ပြောလိုက်သည်
“ တော်တော့ တော်တော့….လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက် ဒီလိုသွေးဆောင်ဖြားယောင်းတာမျိုးကို ခံနိုင်ရည်မရှိဘူး။ ငါ့ကို ဒီအတိုင်းလေး လွှတ်ထားပေးပါ”
ဂူမန်မန် သူမနှာခေါင်းကို ကိုင်ထားသည်ကို အဲလ်ဗစ် မြင်တော့ မျက်နှာက ချက်ချင်းစူပုတ်သွားသည်။
အကြောင်းအရင်းကတော့ ရှင်းပါတယ်။ အဲလိုမျိုးကို နှာခေါင်းသွေးထွက်မှသာ လုပ်တတ်ပြီးတော့ နှာခေါင်းသွေးထွက်တာကလည်း အတွေးရိုင်းတွေ တွေးမိကုန်လို့ပဲ
လီရာနဲ့ သူ ဘာမှဝတ်မထားရင်တောင် သူမကို အခုလိုမျိုး နှာခေါင်းသွေးလျှံအောင် မလုပ်နိုင်ပေ။ သူတို့နှစ်ယောက် အတူပူးကပ်နေသည့်အချိန်မှသာ သူမက လျှောက်တွေးပြီး နှာခေါင်းသွေးလျှံလေ့ ရှိသည်။
သူ့ရှေ့က ငါးတွေက…..ကင်ပြီး စားလိုက်လို့ကတော့ အရမ်းကောင်းမှာပဲ
မယ်လင်ဒါက ဂူမန်မန်ကို ရေသူထီးတွေ ပေးမယ်ဟု ပြောလိုက်ကတည်းက အဲလ်ဗစ်က လူသတ်ချင်စိတ် ဖြစ်နေလေပြီ။
သူမက သူ့မျက်နှာလေးကို အုပ်ကိုင်ရင်း ကျေနပ်အောင် နှစ်သိမ့်လိုက်သည်
“ ယောက်ျား စိတ်လျှော့ပါဦး။ စိတ်နည်းနည်းလောက် လျှော့ပါဦး။ ကျမက ကိုယ်ဝန်ရှိနေတာကို ဘယ်လိုလုပ်ပြီးတော့ လျှောက်တွေးမှာလဲ။ ကျမက ပစ္စည်းပဲ လိုချင်တာ လူကို မလိုချင်တာမလို့ စိတ်လျှော့ပါဦး”