အခန်း (1487 - 1488)

343 48 2
                                    

အခန်း (၁၄၈၇) : ရှင် ထပ်ပြီးတော့ လိမ်နေပြန်ပြီ

“ လင်းတမျိုးနွယ်စုနဲ့ သခင်ကြီးတို့ရဲ့ အဆက်အသွယ်ကလည်း အဲ့ဒီတုန်းက ဆုံးဖြတ်ခဲ့တာ” ဂရက်ဂိုရီက အရေးမကြီးသော ပုံစံဖြင့် ပြောနေသော်လည်း ‘ကြီးမြတ်သူရဲ့ဆင့်ခေါ်သံကို ကြားနိုင်သောသူ’ကသာ တောင်ကို ဆက်လက် စောင့်ရှောက်ပေးရမည်ဆိုသော မျိုးဆက် ဖြစ်လာတာကို နာကျည်းနေပုံ ရသည်။

“ ဒါဆို ဒီတောင်ပံတစ်စုံကို ရှင့် တောင်ပံတွေအစား သူ့ဆီ ပြန်ပေးမယ်လေ” ဂူမန်မန်က ထိရောက်မှု အရှိဆုံးဖြစ်နိုင်သည့် စကားလုံးကို ရှင်းလင်းစွာ ပြောလိုက်သည်။

ဂရက်ဂိုရီ တွေဝေသွားသည်။

ဂူမန်မန်ကို အခုလိုအခြေအနေမျိုးနဲ့ မကြုံစေချင်တာကြောင့် သူမ သတိမေ့နေတုန်း အဝေးသို့ ရောက်အောင် ပို့ခဲ့ခြင်း ဖြစ်သည်။

သူမ ဒီနေရာကို နောက်ထပ် နွေရာသီရောက်မှ ပြန်လာလိမ့်မယ်ဟု တွေးခဲ့သည်။ ထို့အပြင် ထိုအချိန်ကျ သူ သေသွားတာကို သိသွားပြီး တစ်နှစ်လောက် ကြာသွားပြီဖြစ်သည့်အတွက် အများကြီး ဝမ်းမနည်းလောက်တော့ဘူးဟု တွက်ထားခဲ့သည်။

ဒီတစ်နှစ်အတွင်း သူမ လူအသစ်တွေ တွေ့ကာ ပွဲတွေလည်း လုပ်မှာဖြစ်သည့်အတွက် ‘အပူရှောင်’ပြီး သူမ အလာကိုမျှော်နေတဲ့ မော့တိုတောင်ပေါ်က လူတစ်ယောက်ကို မေ့သွားပြီး ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေလိမ့်မည်ဟုလည်း တွေးခဲ့မိသည်။

အမေ့ခံဘဝမှာ နေရတာ ဝမ်းနည်းစရာ ကောင်းသော်လည်း အနည်းဆုံးတော့ သူမ ပျော်ရွှင်နေလျှင် သူ့အတွက် လုံလောက်သည်။

သို့သော် သူမ အခုလောက်ထိမြန်မြန် ပြန်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူ့ရဲ့သနားစရာကောင်းသော ပုံစံကို မဖုံးကွယ်နိုင်တော့ပေ။ သူမ တကယ် ပြန်ရောက်လာခဲ့သည်။

အခုတော့ ငြင်းဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

အကုန်လုံးက မျက်စိရှေ့မှာ ရှိနေပြီလေ ဘာလုပ်ဖို့ ငြင်းနေဦးမှာလဲ

သူ ခက်ခဲစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်

ရုတ်တရက် တောင်ပံကို သိမ်းလိုက်တာကြောင့် မြေပြင်ပေါ်သို့ ကျသွားရသည်။ တောင်ပံက လေးလွန်းပြီး သူမကို နာကျင်စေသော်လည်း ဂရက်ဂိုရီ၏  ကျောဘက်ကို ကြည့်ရတာလောက်တော့ မနာကျင်နိုင်ပေ။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now