အခန်း (1723-1724)

284 32 1
                                    


အခန်း (၁၇၂၃) : ယူရှီဂျင်းက ဂန်မိုယွန်းရဲ့ အပိုင်ပဲ.....လီရာကပဲ မင်းအပိုင်

ဂူမန်မန် အစတုန်းက နားမလည်သော်လည်း လီရာကို မြင်လိုက်သည့်အခါမှာတော့ အရာအားလုံးကို သတိရသွားသည်။

အစက သူမ မမှတ်မိသည့် ဥရောပသားကိုလည်း သေချာမှတ်မိသွားသည်။

လီရာ 'H' နိုင်ငံကို လာဖို့ စီစဉ်တာကို မအံ့ဩတော့ပါဘူး....အကုန်လုံးက ဒါကြောင့်ပဲကိုး

ဂူမန်မန်လည်း ပူးပေါင်းသည့်အနေဖြင့် မျက်ရည်ကျပြပြီး ငိုသင့်သည်ဆိုတာကို သိသော်လည်း သူမ၏ အမျိုးသားက သူမအတွက် အခုလိုမျိုး အားစိုက်ထုတ်ထားတာကို သိရသည့်အတွက် သူမ စိတ်လှုပ်ရှားပြီး မပြုံးဘဲ မနေနိုင်ဖြစ်နေရသည်။

'F' နိုင်ငံမှာ ကျန်နေခဲ့ရမည့် ဂရက်ဂိုရီသည်လည်း လီရာလိုမျိုး အထူးတပ်ဖွဲ့ဝတ်စုံ အနက်ရောင်ကို ဝတ်ဆင်ထားပြီး ထောင့်တစ်နေရာမှ ထွက်လာသည်။ လီရာနောက်မှာ ရပ်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်

" ဗုံးကို အဝေးထိန်းကိရိယာနဲ့ ထိန်းလို့တော့ရပြီ ဒါပေမဲ့ အချိန်နည်းနည်းလောက် ထပ်ဆွဲဖို့တော့ လိုအပ်မယ်"

အင်္ဂလိပ်စကား ပြောသော ထိုအမျိုးသားက သူတို့ ဘာတွေပြောနေလဲဆိုတာကို ဂူမန်မန်ကို မေးလိုက်သည်။

ဂူမန်မန်က ပြုံးကာ မကျွမ်းကျင်သော အင်္ဂလိပ်လေသံဖြင့် ပြန်ဖြေလိုက်သည်

" သူတို့က ရာသီဥတုအကြောင်းကို ပြောနေတာပါ။ ဒီနေ့က ရာသီဥတု ကောင်းတဲ့နေ့ဆိုပြီးတော့ ပြောနေတာ"

ထို့နောက် ထင်ထားသည့်အတိုင်း ထိုလူက ဂူမန်မန်၏ ဦးခေါင်းကို သေနတ်ဖြင့် ထောက်ကာ သူမကို ခြိမ်းခြောက်တော့သည်။

လီရာ သေနတ်မောင်းကို ဆွဲကာ ထိုလူကို ချိန်ပစ်လိုက်ပြီးနောက် ထိုလူက မြေပြင်ပေါ်သို့ လဲကျသွားကာ လီရာကို အော်ပြောလိုက်သည်

" မင်း ရူးနေလား"

လီရာက ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ခပ်ဖွဖွရယ်ရင်း အင်္ဂလိပ်စကားဖြင့် ကျွမ်းကျင်စွာ ပြောလိုက်သည်

ရှောင်မန် (1395 - final) CompletedDonde viven las historias. Descúbrelo ahora