အခန်း (1549 - 1550)

354 44 3
                                    

အခန်း (၁၅၄၉) : ကျမက အစကတည်းက ရက်စက်တတ်တဲ့ မိန်းမပဲလေ

ဂူမန်မန် ပိုပြီးတော့ နေရခက်လာသည့်အတွက် ချောင်းဟန့်ကာ ပြောလိုက်သည်

“ အာ…. အခု ဆောင်းဝင်ခါစပဲ ရှိသေးလို့ ရှင် တစ်ခြားဂူကို ပြောင်းနေရင်ရော ဘယ်လိုလဲ….ဒါမှမဟုတ် ဆာရူဒါဖြစ်ဖြစ် တစ်ခြားနေရာဖြစ်ဖြစ် ပြောင်းနေပါ့လား…. ရှင်တို့ မြေခွေးတွေက ဆောင်းတွင်းလည်း ခရီးသွားနိုင်တယ်မဟုတ်လား”

ကိုးလ်က လေးနက်စွာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်

“ အာဂူ မင်းက ကိုယ့်ကို တကယ်ပဲ မုန်းနေတာ ထင်တယ်။ ကိုယ့်အတွက် မင်းဆီမှာ ကြင်နာမှုဆိုတာ မရှိတော့ဘူး။ ကိုယ် ချစ်တဲ့အမျိုးသမီးက တစ်ခြားအမျိုးသားတွေနဲ့ မိတ်ဖက်နေတာကို ကြားရတာနဲ့တင် ကိုယ့်ရင်ထဲက ပြောမပြတတ်အောင် နာကျင်လှပြီ။

ဒီတစ်ခါတော့ မင်းက ကိုယ့်ကို မောင်းထုတ်နေတယ်ဆိုတော့ ဒီလောက် ရက်စက်တဲ့ အခြေအနေဆိုတာ နောက်ထပ် ရှိနိုင်မှာမဟုတ်တော့ဘူး။ အာဂူ အပြင်မှာ အရမ်းကို အေးနေတာလေ။

ကိုယ်က နေထိုင်ဖို့အတွက် ဂူတစ်ခု ရှာတွေ့တယ်ပဲ ထားဦး။ စားစရာ ဘယ်လိုလုပ်ပြီးတော့ ရနိုင်မလဲ။ မင်း ကိုယ် သေသေရှင်ရှင် ဂရုမစိုက်ဘူးဆိုရင်တောင် ချီရွှမ်အတွက်တော့ စဉ်းစားပေးသင့်တယ်။ ကိုယ်သာ သေသွားရင် သူရော ဘာဖြစ်သွားမလဲ။ ပြီးတော့….မင်းလည်း ကျောက်စိုင်ရဲ့ဝိညာဉ်ကို လိုချင်သေးတယ်မလား”

“ ကျမ…” ဂူမန်မန်အနေနဲ့ ဒီလောက်အထိ မစဉ်းစားမိခဲ့ပေ။

သူမက လီရာအတွက် ကလေးမွေးပေးချင်သည့်အတွက် မိတ်ဖက်ခြင်းကို ရှောင်ရှားဖို့ဆိုတာလည်း မဖြစ်နိုင်ပေ။

သို့သော် သူမက ရုပ်သံတိုက်ရိုက် ထုတ်လွှင့်နေသလိုမျိုး အပြင်ကနေ တစ်ခြားသူက ကြားနေရမှာမျိုးလည်း မဖြစ်စေချင်ပေ။

ထို့ကြောင့် ဂူမန်မန်က သူ့ကို ထွက်သွားဖို့ ပြောခဲ့ခြင်းဖြစ်သည်။ သူ့ကို သေစေချင်သော ရည်ရွယ်ချက် လုံးဝမရှိပေ။

နောက်ဆုံးမှာတော့ အခြေအနေတွေက ပိုမိုခက်ခဲလာသည်။

ဂူမန်မန်က သက်ပြင်းချကာ ပြောလိုက်သည်

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now