အခန်း (1425 - 1426)

341 43 2
                                    

အခန်း (၁၄၂၅) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင်စီနီယာ

ဂူမန်မန်က ခေါင်းညိတ်ပြရင်း ပြုံးလိုက်သည်။ အငိုတိတ်သွားမှာ ဘတ်စကတ်ဘော အသင်းတစ်ခုလုံး သူမကို စိုက်ကြည့်နေမှန်း သတိထားမိသွားသည်။

စနိတ်ခ်က ကျန့်ကျင်းချန်ကို တစ်ချက်ကြည့်လိုက်တော့ အလိုက်သိစွာဖြင့် ချက်ချင်းပဲ ပိုင်လန်ကို ဘေးသို့ ဆွဲလိုက်သည်။

စနိတ်ခ်က ဂူမန်မန်အနားသို့ သွားကာ ပြောလိုက်သည်

“ မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ခါတောင် ငိုထားပြီးပြီ။ သူ့ကိုဖမ်းပြီး နုတ်နုတ် စဉ်းမပစ်စေချင်ရင်…ဒီကိစ္စကြောင့် ထပ်ပြီး မငိုနဲ့တော့နော် နားလည်လား”

ဂူမန်မန်ကလည်း စနိတ်ခ်ကို ပြန်ဖက်ထားကာ ခေါင်းညိတ်ပြလိုက်သည်။

အခု အကုန်လုံးနဲ့ မျက်နှာချင်းဆိုင်ဖို့ အရမ်းရှက်နေမိသည်။

စောစောက ပြောချင်တာတွေ ပြောပြီး ငိုနေတာက သူမ မဟုတ်ပါဘူး အမြွာဆိုရင် ယုံပေးကြမှာလား။ ဒါမှမဟုတ်…..စရိုက်နှစ်မျိုး ရှိတယ်ဆိုပြီး ပြောလိုက်ရမလား

ဂူမန်မန် စဉ်းစားနေတုန်း ပိုင်လန်က အော်ပြောလိုက်သည်

“ နင်တို့တွေ ဘာကြည့်နေကြတာလဲ။ နင်တို့တွေ လေ့ကျင့်ဖို့ လိုအပ်တယ်လေ”

“ အင်း…ဟုတ်တယ်…ငါတို့ လေ့ကျင့်ကြမယ်” ကျန့်ကျင်းချန်က သူမရဲ့ချစ်သူဖြစ်လာပြီးကတည်းက သူမရဲ့စကားကို တသွေမတိမ်း နားထောင်လေ့ ရှိသည်။

ပိုင်လန်က စနိတ်ခ်ကို ကြည့်လိုက်တော့ ဂူမန်မန်က စနိတ်ခ်ကို တွန်းကာ ပြောလိုက်သည်

“ ရှင်လည်း သွားပြီး လေ့ကျင့်တော့လေ။ ကျမ ဒီမှာထိုင်ပြီးတော့ ကြည့်နေမယ်”

“ မင်း ထပ်ပြီး မငိုတော့ဘူးမလား” စနိတ်ခ်က ဂူမန်မန်၏ မျက်နှာလေးကို ကိုင်ရင်း မေးလိုက်သည်။

ဂူမန်မန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကျမ ထပ်ပြီး မငိုတော့ပါဘူး”

အဲ့လိုပြောလိုက်မှ စနိတ်ခ်လည်း ပြုံးကာ သူမရဲ့နဖူးလေးကို အနမ်းခြွေပြီး ပြောလိုက်သည်

ရှောင်မန် (1395 - final) CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ