အခန်း (1489 - 1490)

392 54 15
                                    

အခန်း (၁၄၈၉) : ကိုယ်က မင်းအတွက်ပဲရှင်သန်ပြီး မင်းအတွက်ပဲ သေမယ်

သူက သူမကို အရမ်းစိတ်ပူသည့်အတွက် အကျိုးသက်ရောက်မှုတစ်ခုခုရှိဖို့ မျှော်လင့်ပြီး ဂူမန်မန် အဲ့လိုပြောခဲ့ခြင်းဖြစ်သည်။

“ ကျမ ဒီကိုလာတုန်းကတော့ ဒီတောင်ကို သေချာမှတ်မိလို့ လာနိုင်ခဲ့တာ။ ဒါပေမဲ့ ကျမ ဒီကနေ ဘယ်လို ပြန်ထွက်ရမယ်မှန်း မသိတော့ဘူး။ ရှင် ကျမကို မကူညီပေးရင် ကျမ မော့တိုတောင်ထဲမှာပဲ ပိတ်မိနေလိမ့်မယ်။

ပြီးတော့ ကျမ ဒဏ်ရာရထားတော့ သွေးထွက်လွန်ပြီးတော့ သေသွားနိုင်တယ်။ ဂရက်ဂိုရီ ကျမ ကြောက်တယ်။ ရှင် ကျမကို မော့တိုတောင်ကနေ ကျမကို ခေါ်ထုတ်သွားပါ။ ကျမကို လိုက်ပို့ရုံပဲ ပို့လေနော်…..အား….အရမ်းနာလိုက်တာ…”

သူမက ပြောရင်း သူ့လည်ပင်းကို လွှတ်မပေးပဲ ဖက်ထားဆဲပင် ဖြစ်သည်။ သူက အစကတည်းက သူမကို မငြင်းဆန်နိုင် ဖြစ်နေသော်လည်း သူမက သူ ရှောင်ထွက်သွားမည်ကို စိုးရိမ်တာကြောင့် သနားစရာကောင်းအောင် လုပ်ပြနေသည်။

သူ သူမနဲ့အတူတူ ထွက်သွားချင်အောင် ဘယ်လိုနည်းပဲ သုံးရပါစေ သူ့ကို မော့တိုတောင်မှာ တစ်ယောက်ထဲ ထားခဲ့ပြီး မသေခိုင်းစေချင်ပေ။

ဂရက်ဂိုရီ၏ ခန္ဓာကိုယ်က အေးစက်နေပြီ ဖြစ်သည်။ တောင်ပံကျိုးတဲ့ဒဏ်တင် မကပဲ၊ မျက်လုံးလည်းကန်းသွားသလို ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ရထားသေးသည်။ ထို့အပြင် သူမ တောင်ပံတစ်စုံ ရသွားသည့်အတွက် ခံစားရမည့် ဒဏ်ကိုလည်း သူက အစားခံပေးထားသေးသည်။

သို့သော် သူမ ဖက်ပေးထားတာကြောင့် ဒီနာကျင်မှုတွေက ဘာမှမပြောပလောက်တော့ပေ။

သူ့ခန္ဓာကိုယ်ထဲက ကလီစာတွေ အကုန်လောင်ကျွမ်းသွားရင်တောင်မှ သူမသာ သူ့ကို အခုလိုမျိုးလေး ဖက်ထားပေးပါက သူ ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ပျော်ရွှင်မှုမျိုးကို ခံစားနေရမည်မှာ အသေချာပင် ဖြစ်သည်။

“ မင်းကို လိုက်ပို့ဖို့အတွက် ငှက်တစ်ကောင်ကို စေခိုင်းလိုက်ပါ့မယ်”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now